ကိုရီးယားဒရာမာ ပရိသတ်တွေ စွဲစွဲလန်းလန်း အားပေးခဲ့ကြတဲ့ “ဆောင်ဂျန်ဂွမ် အရှုပ်တော်ပုံ ” ဇာတ်ကားထဲမှာ ဗီလိန်ဇာတ်ရုပ်ကနေ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တဲ့ Ha Jiwon ရဲ့ မောင်လေး Jeon Taesoo ကတော့ ဇန်နဝါရီ (၂၁) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

သူသေဆုံးသွားခဲ့တဲ့ အကြောင်းအရင်းကိုတော့ သူရဲ့ အေဂျင်စီ ဖြစ်တဲ့ Haewadal Entainment ကနေ သတင်းထုတ်ပြန်ပေးခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ Jeon Taesoo ဟာ လတ်လလောမှာ စိတ်ကျဝေဒနာကြောင့် ဆေးကုသမှုကို ခံယူလျက်ရှိတယ်လို့ သူရဲ့ အေဂျင်စီက ပြောခဲ့တယ်လို့ သိရပါတယ်။

အရက်မူးပြီး တက္ကစီသမားကို တိုက်ခိုက်ခဲ့လို့၊ ရဲတွေဆီမှာ ဒဏ်ငွေရိုက်ခံ ရပြီးနောက်ပိုင်း အနုပညာ လှုပ်ရှားမှုတွေ ရပ်နားလိုက်တဲ့ Jeon Taesoo ကို မတွေ့ရတာက (၂၀၁၁)ခုနှစ် ကတည်းက ဖြစ်တယ်လို့  သူ့ကိုအားပေးတဲ့ ပရိသတ်တွေကတော့  ထောက်ပြခဲ့ကြပါတယ်။

အသက် (၃၄) နှစ်အရွယ် Jeon Taesoo ရဲ့ ဈာပနကိုတော့ ရင်းနှီးတဲ့ အသိမိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ပဲ တိတ်တဆိတ် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ Jeon Taesoo ရဲ့ အနုပညာအေဂျင်စီက ပြောကြားခဲ့ပါတယ်။

သေဆုံးသွားပြီ ဖြစ်တဲ့ Jeon Taesoo ရဲ့ အစ်မ ဖြစ်သူ Ha Jiwon ကတော့ သူမရဲ့ အနုပညာ အလုပ်တွေကို လောလောဆယ် ရပ်နားထားတယ်လို့ Kstarlive မှာ ရေးသားထားပါတယ်။

Source: Koreaboo