လာမယ့် BTS- universe drama “Youth” ထဲ BTS အဖွဲ့ဝင်တွေအဖြစ် ပါဝင်သရုပ်ဆောင်မယ့်လူငယ်လေးတွေကို အောက်တိုဘာ၁၉ရက်နေ့တုန်းက ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။ ရုပ်သံဒရာမာဆီးရီး Youth ကိုတော့ အရင်က Blue Sky ဆိုပြီးအမည်ပေးထားခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ တောင်ကိုရီးယားယောက်ျားလေးအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့က အဖွဲ့ဝင်တွေရဲ့ ငယ်ဘဝအကြောင်းနဲ့  အောင်မြင်မှုလမ်းကြောင်းပေါ် သူတို့ဘယ်လိုရောက်လာတာလဲဆိုတာ ရိုက်ကူးတင်ဆက်သွားမယ်လို့ koreaboo အရသိရပါတယ်။

Seo Jihoon as Jin 

အဖွဲ့ဝင် Jin အဖြစ် Seo Ji Hoon ကသရုပ်ဆောင်မှာပါ။ Seo Ji Hoon ဟာ Men are Men, Welcome, Flower Crew:Joseon Marriage Agency နဲ့ School 2017 တို့မှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။

Noh Jonghyun as Suga 

Suga နေရာမှာတော့ Noh Jong Hyun ကသရုပ်ဆောင်မှာပါ။ သူဟာ Kkondae Intern, Life on Mars နဲ့ Because This is My First Life တို့မှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။

Ahn Jiho as JHope 

J-Hope နေရာမှာတော့ Ahn Ji Ho က သရုပ်ဆောင်မှာပါ။ သူဟာ Inseparable Bros, The House of Us နဲ့ Nobody Knows အမည်ရတဲ့ ဒရာမာတွေမှာသရုပ်ဆောင်ဖူးပါတယ်။

Seo Youngjoo as RM 

View this post on Instagram

즐거운하루 어옝😃😀

A post shared by joooooo0216 (@joooooo_0216) on

RM နေရာမှာတော့ Seo Young Ju က သရုပ်ဆောင်မှာပါ။ RM ရဲ့အိပ်မက်ဟာ အခုလိုကျော်ကြားဖို့မဟုတ်ဘဲ သာမန်ပဲ ဘဝကိုဖြတ်သန်းဖို့ဖြစ်ပါတယ်။ သူဟာ တာဝန်ယူတတ်သူတစ်ဦးဖြစ်သလို အချိန်ပိုင်းအလုပ်တွေ အများကြီးကိုလည်းလုပ်ဖူးပါတယ်။

Kim Yoonwoo as Jimin 

Twitter/The Qoo

Jimin နေရာမှာတော့ Kim Yoon Woo က သရုပ်ဆောင်မှာပါ။ သူ့ရဲ့ ပြုံးနေတဲ့အပြုံးနောက်မှာ လျှို့ဝှက်ချက်ရှိပါတယ်။ Jimin ရဲ့ မိသားစုဟာ သူ့ကိုအရမ်းကာကွယ်ပေးလွန်းတဲ့မိသားစုဖြစ်ပြီး ငယ်ဘဝတုန်းက  သူ့ identity သူ ပျောက်ဆုံးနေတဲ့ကောင်လေးဖြစ်ခဲ့ပါတယ်။

Jung Woojin as V 

Twitter/The Qoo

V ရဲ့နေရာမှာတော့ Jung Woo Jin က သရုပ်ဆောင်ထားပါတယ်။ V ဟာ ငယ်စဉ်တုန်းက ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့သူဖြစ်ပြီး ဖခင်က အရက်သမားဖြစ်ပါတယ်။ သူ့အဖေ ဒီလိုပြောင်းလဲသွားရတာ မိခင်ထွက်ပြေးသွားတဲ့အတွက်ဖြစ်ပြီး V ကတော့ တစ်နေ့ မိခင်ဖြစ်သူ အိမ်ပြန်လာလိမ့်မယ်လို့ မျှော်လင့်ချက်ရှိခဲ့ပါတယ်။

Jeon Jinseo as Jungkook 

View this post on Instagram

Hello ! Who want follow me i will follow back

A post shared by Jeon Jin Seo (@jeonjinseoofficial) on

Jungkook နေရာမှာတော့ Jeon Jin Seo က သရုပ်ဆောင်ထားပါတယ်။ Jungkook ကတော့ ငယ်စဉ်တုန်းက သူ ဘာကြောင့်တည်ရှိရသလဲဆိုတဲ့အကြောင်းရင်းကို စိတ်ဝင်စားတဲ့ကောင်လေးပါ။ မိသားစုကြောင့် မပျော်ရွှင်ခဲ့ရတဲ့အပြင် သေတာနဲ့ရှင်တာက မထူးခြားဘူးလို့ ခံယူခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်လူငယ်လေးတွေထဲမှာတော့ Jeon Jin Seo က နာမည်ကျော် The World of the Married ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားလို့ အထူးခြားဆုံးဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

CeleNow