ဒရမ်မာကားတွေမှာ ဒုတိယမင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် ခေါင်းဆောင်မင်းသား ထက် တောင် ပိုပြီး နာမည်ကြီးခဲ့သူတွေရှိပါတယ်။ဒုတိယမင်းသားဘ၀ကနေ ပရိသတ်တွေ လက်ခံအားပေးမှုကြောင့် ခေါင်းဆောင် မင်းသား ဖြစ်လာခဲ့တဲ့ ကိုရီးယားမင်းသားတွေရှိပါတယ်။သူတို့တွေကတော့…….

(1)Kim Woobin

Image Source: Instagram ‘@actorkimwoobin’

Kim Woobin  ကတော့ သရုပ်ဆောင်အလုပ်တွေကို (၂၀၁၁)ကနေ စပြီး လုပ်လာခဲ့တာပါ။ ‘Heirs.’ ဇာတ်ကားမှာ ဒုတိယမင်းသားနေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။Park Shin-Hye နဲ့ အတူ တွဲ ပြီး သရုပ်ဆောင်ခဲ့တာပါ။နောက်ပိုင်းမှာတော့ ‘Uncontrollably Fond.’  ဇာတ်ကားမှာ Suzy  နဲ့ အတူ တွဲ သရုပ်ဆောင်ခဲ့တာပါ။

(2)Park Hyungsik

Image Source: Instagram ‘@phs1116’

Park Hyung-Sik ကတော့ (၂၀၁၂)မှာ အနုပညာအလုပ်တွေကို လုပ်ခဲ့တာပါ။ ‘I Remember You.’ ဇာတ်ကားမှာ သရုပ်ဆောင် အဖြစ်နဲ့ ပါဝင် ခဲ့ပါတယ်။’Hwarang: The Poet Warrior Youth. မှာတော့ ဒုတိယမင်းသားနေရာကနေ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။’Strong Woman Do Bongsoon.’ မှာတော့  ခေါင်းဆောင်မင်းသား အဖြစ် နေရာရခဲ့ပါတယ်။

(3)Jung Hae-In

Image Source: Instagram ‘@holyhaeinph’

အသက်(၂၆)နှစ်မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ အနုပညာလောကထဲကို ၀င်လာခဲ့ပါတယ်။(၂၀၁၄) မှာတော့ ‘Bride of the Century,’ ဆိုတဲ့ TV စီးရီးမှာ ပါဝင် ခဲ့ပါတယ်။(၂၀၁၇)မှာတော့ ဒုတိယမင်းသားနေရာကို ရခဲ့ပါတယ်။‘While You Were Sleep ing’ ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲကို ရောက်လာခဲ့တဲ့ Jung Hae-In  ကတော့ ‘Something in the Rain’.  မှာခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။

(4)Choi Jinhyuk

Image Source: Amino ‘@Livi’

Jinhyuk ကတော့ အသက် (၂၀)မှာ KBS Survival Star Audition ပြိုင်ပွဲမှာ ဆုရပြီးနောက် အနုပညာလောကထဲကို ၀င်လာခဲ့တာပါ။ရုပ်ရှင်၊ဒရမ်မာဇာတ်ကားမျိုးစုံမှာ ပါဝင် ခဲ့ဖူးပါတယ်။ ‘Fated to Love You’ and ‘Ms. Panda’ ၊ ‘Mr. Hedgehog.’  ဇာတ်ကား တို့မှာ ခေါင်း ဆောင် မင်းသားနေရာကနေ ပါဝင်ခဲ့ပြီး ပရိသတ်အားပေးမှုရခဲ့ပါတယ်။’Pride and Prejudice’  မှာတော့ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ခဲ့ပါတယ်။ဒီဇင်ဘာမှာ လွှင့်မယ့် ‘Devilish Joy’  မှာလည်း ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သွားမယ်လို့ သိရပါတယ်။

(5)Kim Soohyun

Image Source: Instagram ‘@soohyun_k216’

Soo-Hyun  ကတော့  ‘Kimchi Cheese Smile’ တို့မှာ ဇာတ်ပို့နေရာကနေ ပါဝင်ခဲ့ သူပါ။ ‘Dream High.’  မှာတော့ ဒုတိယမင်းသားနေရာကို ရခဲ့ပါတယ်။ဒီလိုနဲ့ပဲ ပရိသတ်အားပေး မှုကို ရခဲ့ပြီး ‘My Love From the Stars’  မှာတော့ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်နိုင်ခဲ့ ပါတယ်။

(6)Seo Kangjoon

Image Source: Instagram ‘@seokj1012’

Seo Kangjoon ကတော့ ‘Cheese in the Trap.’ ဇာတ်ကားမှာ ဒုတိယမင်းသားအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တာပါ။ပရိသတ်တွေက သူ့ရဲ့သရုပ်ဆောင်ချက်တွေကို တခဲနက် လက်ခံအားပေးခဲ့ပြီး အခုဆိုရင်တော့ ခေါင်းဆောင်မင်းသားနေရာကို ရခဲ့ပါပြီ။’Are You Human?,’ မှာ အဓိ က ဇာတ် လိုက်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Source kstarlive