ပုဂံမြို့သူ ဇာတ်လမ်းတွဲဟာဆိုရင်တော့ ရုပ်ရှင်ဇာတ်လမ်းမထွက်ခင် ဇာတ်လမ်းတွဲရိုက်နေတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေ နဲ့တင် ပရိသတ်ရဲ့ စိတ်ဝင်စားမှုတွေရရှိနေတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ပရိသတ်တွေကြားမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေ ဖြစ်ကြတဲ့ မေမြင့်မိုရ်၊ ဒေါင်း၊ ထူးအောင်၊ အိစိကွေးတို့အပြင် အခြားသော အနုပညာရှင်များစွာလည်း ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။

ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ ၀ါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးကျော်သူဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရိုက်ကူးရာမှာလည်း သရုပ်ဆောင်၊ ဓါတ်ပုံ၊ တေးဂီတမှအစ အနုပညာဆိုင်ရာဘာသာရပ်ပေါင်းစုံကို မခိုမကပ် မညှာမတာ ဖိဖိစီးစီး သေသေသပ်သပ် ရိုက်ကူးထားလို့ စီးရီးတွေကို အကယ်ဒမီပေးမည်ဆိုပါက ဆုနှင့်မလွဲ ဧကန်ရရှိမဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တယ်လို့ ဦးကျော်သူက သူရဲ့ ဖေ့စ်ဘုတ်မှာ ပြောထားပါတယ်။ ပရိသတ်တွေအတွက်လည်း မျှော်လင့်ပြီး စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။

Source: Kyaw Thu