သရုပ်ဆောင် Yoo Ah In ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက် ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Alive ရုပ်ရှင်မှာ ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်။

အခုအခါမှာတော့ ဘယ်သူမှ မထင်ထားမိတဲ့ လက်ခံမှုမျိုးကို သရုပ်ဆောင် Yoo Ah In က ပြုလုပ်ခဲ့ပါတယ်။ ဒီလက်ခံမှုကြောင့်ပဲ သူ လက်ခံခဲ့တဲ့ ရုပ်ရှင်ကားက စတင်မထုတ်လွှင့်ခင်တည်းက နာမည်ကြီးနေပါပြီ။ ဒီဇာတ်လမ်းကတော့ Voice of Silence လို့ အမည်ရပါတယ်။

 

 

View this post on Instagram

 

A post shared by 유아인YOOAHIN (@hongsick) on

ဇာတ်လမ်းလေးကတော့ ပြန်ပေးဆွဲခံရတဲ့ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်တဲ့ အမျိုးသားနှစ်ယောက်အကြောင်းကို ဘယ်သူမှ မမျှော်လင့်ထားတဲ့ အခြေအနေပုံစံနဲ့ ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် သရုပ်ဆောင် Yoo Ah In နဲ့ Yoo Jae Myung တို့ ပါဝင်ထားကြောင်း ကြေညာခဲ့တဲ့နောက်မှာတော့ လူပြောသူပြော အရမ်း များနေခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by 유아인YOOAHIN (@hongsick) on

ဒီဇာတ်လမ်းအတွက် အလိုရှိတဲ့အတိုင်း သူက ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲပေးခဲ့ရပါတယ်။ ဒါကြောင့် ခပ်ဖောဖောအမျိုးသားပုံရိပ် ဖြစ်စေဖို့ ကိုယ်အလေးချိန် ၃၃ ပေါင် တက်အောင် ပြုလုပ်ခဲ့ပါတယ်။

 

 

View this post on Instagram

 

소리도 없이

A post shared by 유아인YOOAHIN (@hongsick) on

ပရိသတ်တွေကတော့ ဒီလို ထိပ်တန်းမင်းသားတစ်လက်က ဒီရုပ်ရှင်ကားကို လက်ခံခဲ့တာကို လုံးဝ အံ့သြနေလျက် ရှိပါတယ်။ Korea Film Commission ကနေ Voice of Silence က ဘတ်ဂျတ်နည်းနည်းနဲ့ ရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်ကြောင်း သိထားကြပြီး ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ ၁ သန်းကျော်လေးပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Voice of Silence

A post shared by 유아인YOOAHIN (@hongsick) on

အင်တာနက်ပေါ်မှာတော့ တစ်ချို့တွေက “သူ့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ ယှဉ်လိုက်ရင်တော့ ဇာတ်ကားဘတ်ဂျတ်က နည်းလိုက်တာလို့ မြင်ကြမှာပါပဲ။ ဒါပေမယ့် သူကိုယ်တိုင် ကျေကျေနပ်နပ်ပါဝင်ခဲ့တယ်လို့ ကြားတာပဲ” စသဖြင့် ပြောဆိုခဲ့ကြသလို တစ်ချို့ကတော့ “ပရိသတ်အခိုင်အမာပါ ရှိထားတဲ့ ထိပ်တန်းမင်းသားတစ်ယောက်က အခုလို ဘတ်ဂျတ်နည်းတဲ့ ရုပ်ရှင်မှာ ပါဝင်တာ သိပ်ကို အံ့သြစရာပါပဲ” လို့ ပြောဆိုနေကြပါတယ်။

Yoo Ah In နဲ့အတူ ရုပ်ရှင် အဖွဲ့သားအားလုံး အောင်မြင်ကြပါစေလို့ မျှော်လင့်မိပါတယ်။

Kham