K-drama ပရိသတ်တွေအတွက်တော့ ဇာတ်လမ်းတွေ တစ်ခုပြီးတစ်ခု ကြည့်နေရတာက ပျော်စရာ တစ်ခု ဖြစ်နေတာပါ။ အခုလည်း ပရိသတ်တွေရဲ့ အချစ်တော် မင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho က ဇာတ်လမ်းတွဲသစ်ကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်လို့ allkpop ကနေ ဖော်ပြထားပါတယ်။
View this post on Instagram
Lee Min Ho ကတော့ ဒီဇာတ်လမ်းမှာ ခေါင်းဆောင်အဖြစ် ပါဝင်ဖို့ ပြုလုပ်ထားပါတယ်။ ဇာတ်လမ်းနာမည်ကတော့ Pachinko ဖြစ်ပါတယ်။ စာရေးဆရာမ Lee Min Jin ရေးသားထားတဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးမှာ ဖြစ်ပါတယ်။
View this post on Instagram
စာအုပ်ရဲ့ မူရင်းနာမည် ဖြစ်တဲ့ Pachinko ကိုပဲ ဇာတ်လမ်းတွဲ အမည်ကို အသုံးပြုထားပါတယ်။ ဂျပန်မှာ နေထိုင်ရတဲ့ ကိုရီးယား လူမျိုးတွေအကြောင်းကို ရေးသားထားတာ ဖြစ်ပြီး ကိုရီးယားတွေက လူမျိုးစွဲအမြင်တွေ၊ ရှေးရိုးစွဲ သမားရိုးကျ ပုံစံတွေကို ဘယ်လိုမျိုး ရင်ဆိုင်ရတယ်ဆိုတာမျိုးကို ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
ဒီဇာတ်လမ်းတွဲကတော့ အပိုင်း (၈) ပိုင်းပဲ ပါဝင်မှာ ဖြစ်ပါတယ်။ AppleTV+ ကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ တကယ်တော့ AppleTV+ က ကိုရီးယားနိုင်ငံမှာ မရှိသေးပါဘူး။ ဒါကြောင့် ဒီရုပ်ရှင် ဇာတ်လမ်းတွဲက ApppleTV+ က မကြာခင်မှာ ကိုရီးယားကို ရောက်မယ်ဆိုတဲ့ အချက်ပြများလားလို့ ရင်ခုန်နေကြပါတယ်။
Lee Min Ho ရဲ့ ပရိသတ်တွေကလည်း ဒီဇာတ်လမ်းမှာ ဘယ်လိုပုံစံနဲ့ ထပ်တွေ့ရမယ်ဆိုတာကို မျှော်လင့်နေကြပါတယ်။ အားလုံးပဲ အတူ စောင့်မျှော်လိုက်ပါဦးနော်။
Kham