တောင်ကိုရီးယားမော်ဒယ် မင်းသားချော  Kim Min Seung  တစ်ယောက်ကွယ်လွန်သွားပြီလို့ သိ ရပါတယ်။မေလ(၂၀)ရက်နေ့က ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့တာပါ။ ဈာပနပွဲကိုတော့ မေလ (၂၂) ရက်နေ့က Suwon မှာပြုလုပ်ခဲ့ပြီး သူ့ရဲ့ ဆွေမျိုးမိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ  တက်ရောက်ခဲ့ပါတယ်။ Kim Min Seung  ကိုတော့ (၁၉၇၁)ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် (၄၈)နှစ်မှာ ကွယ်လွန်သွားခဲ့တာပါ။

Kim Min Seung ကတော့ (၁၉၉၄)ခုနှစ်မှာ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲ ၀င်ရောက်လာခဲ့တာပါ။ GV2 and Basic Model Award ဆု ရခဲ့သူပါ။ (၁၉၉၅)ခုနှစ်က  Adieu Fashion Festival မှာလည်း   Lee Seo Jin နဲ့အတူ  Rookie Award  ဆုကို ရခဲ့ပါတယ်။ သရုပ်ဆောင်အလုပ်ကိုတော့ “Before Summer Goes Away” (literal title), “Top Star” (literal title) တို့မှာ ဇာတ်ပို့ ဇာတ်ရံနေရာကနေ ပါဝင်ရင်း ရောက်လာခဲ့ တာ ပါ။ “Battlefield Heroes” ကတော့ သူ့ရဲ့ နာမည်ကြီးဇာတ်ကားပါ။ နောက်ဆုံးရိုက်ခဲ့တဲ့ “Missi on: Steal the Top Star.” မှာလည်း ပရိသတ်အားပေးမှုရခဲ့ပါတယ်။ Yongin မှာရှိတဲ့ Tranquility  သချိုင်္င်းမှာ မြှုပ်နှံသွားမှာပါ။

Source soompi