ကိုရီးယားဒရာမာတွေမှာ မြင်တွေ့နေကျမင်းသားတစ်ယောက်ဖြစ်တဲ့ Kang Ji Hwan ကတော့ လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် ဇူလိုင်လ ၉ရက်နေ့က အဖမ်းခံလိုက်ရပြီဖြစ်ပါတယ်။ Gwangju ရဲတွေက သူ့ရဲ့ အိမ်ကို လာရောက်ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

kstarlive

Kang Ji Hwanကတော့ သူရဲ့ အနုပညာအေဂျင်စီက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနှစ်ယောက်ကို ကုမ္ပဏီညစာစားပွဲအပြီးမှာ သူ့ရဲ့ အိမ်ကို အရက်သောက်ဖို့အတွက် ဖိတ်ခဲ့တာဖြစ်ပါတယ်။အဒီနောက်မှာတော့ ညအိပ်ချိန်မှာ အမျိုးသမီးနှစ်ယောက်အိပ်နေတဲ့အခန်းကို သွားခဲ့ပြီး တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တာဖြစ်ပါတယ်။ နောက်တစ်ယောက်ကိုတော့ ရိုင်းပြတဲ့အပြုအမူတွေနဲ့ စော်ကာခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

koreaboo

အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကတော့ မှုခင်းမဖြစ်ခင်မှာ သူမရဲ့ သူငယ်ချင်းဆီကို “ငါတို့ မင်းသား Kang Ji Hwan အိမ်မှာ လာသောက်ကြတာ။အခု ငါတို့တော့ ထောင်ချောက်မိပြီထင်တယ်” လို့ပြောခဲ့တာဖြစ်ပြီး သူမရဲ့ သူငယ်ချင်းကို ရဲတိုင်ဖို့အတွက်ပြောခဲ့တာဖြစ်ပါတယ်။ ရဲတွေရောက်လာတဲ့အခါမှာတော့ အဖြစ်အပျက်အကုန်ကို သူမက ပြောပြခဲ့တာဖြစ်ပါတယ်။

koreaboo

Kang Ji Hwan ကတော့ အရက်သောက်ပြီးနောက်ပိုင်း ဘာမှမမှတ်မိတော့ဘူးလို့ ပြောခဲ့ပါတယ်။ သူကတော့ လက်ရှိမှာ ထောင်ထဲမှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

Source: koreaboo