မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ စောင့်စားနေကြတဲ့ မြန်မာ့ရုပ်ရှင်ဆုပေးပွဲကြီးကိုတော့ ဒီကနေ့ရောက်ရှိလို့လာပါပြီ။ အကယ်ဒမီပေးပွဲကြီးကတော့ အနုပညာရှင်တိုင်း ရင်ခုန်စိတ်လှုပ်ရှားကြတဲ့ ပွဲကြီးတစ်ပွဲလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာ ဆိုရင်တော့ ပရိသတ်တွေ မျှော်မှန်းထားကြတဲ့အတိုင်းအနုပညာရှင်တွေရဲ့ အမိုက်စားဖက်ရှင်တွေကိုလည်း တွေ့မြင်ရမယ့်နေ့တစ်နေ့ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကို တက်ရောက်မယ့် အနုပညာရှင်အချို့ကတော့ အကယ်ဒမီပေးပွဲမတက်မှီကတည်းက သူတို့ဝတ်ဆင်ကြမယ့် လှပတဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်တွေကို ပရိသတ်တွေကို ကြိုပြီးတော့ အသိပေးထားပြီး ဖြစ်ပါတယ်။ အနုပညာရှင် သဇင်ကတော့ အကယ်ဒမီပေးပွဲမှာ ဝတ်မယ့်သူရဲ့ မြန်မာဆန်ဆန်ပွဲတက်ဝတ်စုံလေးကို မတ်လ (၂၀)ရက်နေ့ကတည်းက ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီး နှိုင်းယှဉ်မြင့်မိုရ်ကလည်း သူမရဲ့ လက်လက်ထနေတဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင် အမိုက်စားကို သူမရဲ့ ဖေစ်ဘုတ်ပေါ်တင်ပြီး ပရိသတ်တွေကို အသိပေးထားပါသေးတယ်။ ပရိသတ်တွေရော သူတို့နှစ်ဦးရဲ့ မတူညီတဲ့ ဖက်ရှင်အမိုက်စားတွေကို သဘောကျကြရဲ့လား။

Source: Nhying Shin, Thazin