အရုပ်မလေး တစ်ရုပ်လို ချစ်စရာကောင်းတဲ့ မော်ဒယ်၊ မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ဧငြိမ်းဖြူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမကတော မေလ ၂၅ရက်နေ့မှာလည်း သူမရဲ့ ချစ်သူ ရဲရင့်အောင်ပါဝင် သရုပ်ဆောင်ထားတဲ့” ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ကားကြီးရဲ့ Red Carpet ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။

ချစ်သူအတွက် ဂုဏ်ယူနေတဲ့ ဧငြိမ်းဖြူကတော့”ငါ့ကိုနမ်းတဲ့မုန်တိုင်း” Red Carpet Show အရမ်းကျေနပ် ဝမ်းသာ ဂုဏ်ယူ ပီတီဖြစ်”လို့ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။

သူမကတော့ ပရိသတ်တွေနဲ့လည်း အတူတွဲပြီး ဓါတ်ပုံတွေရိုက်ခဲ့ပါသေးတယ်။

ရဲရင့်အောင်ကလည်း ဧငြိမ်းဖြူရဲ့ ဓါတ်ပုံတွေတင်ထားတဲ့ ပိုစ့်အောက်မှာ “ကိုယ့် နတ်သမီး “လို့ ကွန်းမန့်ရေးသားခဲ့ပါသေးတယ်။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: A Nyein Phyu