အနုပညာဆိုတာ တစ်ကမ္ဘာလုံးမှာ လွှမ်းမိုးမှုအား အကောင်းဆုံးဖြစ်သလို၊ တကယ့်ကို ပါရမီရှိပြီး ထွန်းတောက်နေတဲ့ ငွေကြယ်ပွင့်တွေဟာ လူတိုင်းရဲ့အသည်းနှလုံး၊ ချစ်ခင်မြတ်နိုးခြင်းကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနုပညာဟာလည်း တစ်စထက်တစ်စ အဆင့်မြင့်လာသလို အရည်အချင်း၊ ပါရမီရှိပြီး ကြိုးစားမှု ထက်သန်တဲ့ မျိုးဆက်သစ် ငွေကြယ်ပွင့်တွေလည်း တစ်နေ့ထက်တစ်နေ့ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ထွန်းလင်းတောက်ပဖို့ အရှိန်ယူနေပြီဖြစ်တဲ့ ကြယ်ပွင့်သစ်လေး နီလဲန်းပါရ်မွေး အကြောင်းပဲဖြစ်ပါတယ်။

ချင်းတိုင်းရင်းသူလေး နီလဲန်ပါရ်မွေးဟာ မွေးချင်းတွေထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ သူမဟာ တက္ကသိုလ်ဝင်တန်းကို ရန်ကုန်မှာအောင်မြင်ခဲ့ပြီးနောက်၊ ရန်ကုန်မှာပဲ အခြေချကာ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကနေ BE(EC) ဘွဲ့ကိုရရှိပြီးသူ တစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ အကိုလတ်ကတော့ အိပ်မက်ဆုံရာ Season 9 ရဲ့ ဒုတိယဆုရှင် နီကိုးလပ်စ် ပဲဖြစ်ပါတယ်။

သူမဟာ တခြားပြိုင်ပွဲတွေများစွာကို ဝင်ပြိုင်ခဲ့တယ်၊ အဆုံးထိတော့ မတက်လှမ်းနိုင်ခဲ့ပေမယ့် မလျှော့သောဇွဲနဲ့ ဆက်ကြိုးစားနေတဲ့ ဇွဲကောင်းသူလေးတစ်ဦးလည်းဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး သူမဟာ LÓreal ရဲ့ Make Me Beautiful မိတ်ကပ်ပြိုင်ပွဲမှာလည်း တတိယဆုကို ရရှိထားတာ ဖြစ်ပါတယ်။

ခုလည်း Myanmar Idol Season 3 မှာ ပါဝင်ယှဉ်ပြိုင်ဆဲဖြစ်လို့ အဆုံးထိတက်လှမ်းပြီး Winner ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ရှေ့ဆက်သွားမယ့် အနုပညာလမ်းကြောင်းမှာလည်း အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မလားဆိုတာကတော့……….။

Photo Credit – နီလဲန်းပါရ်မွေး၏ Facebook မှ

Em Em