အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး မော်ဒယ်တစ်ဦးဖြစ်သူ Kendall Jenner ကိုတော့ လူငယ်တော်တော်များများ သိကြမှာပါ။ Kendall ရဲ့ ညီမဖြစ်သူ Kyile Jenner ဆိုရင်လည်း နာမည်ကြီး မော်ဒယ်တစ်ယော်ကဖြစ်သလို လှပချောမောတဲ့ Beauty blogger အဖြစ်လည်း လူသိများလှပါတယ်။ အခုလည်း Kyile ရဲ့ အမဖြစ်သူ Kendall Jenner ဟာ ဘယ်သူမှမသိသေးတဲ့ အချက်တစ်ချက်ကို စကားဝိုင်းတစ်ခုမှာ လူသိရှင်ကြား ထုတ်ပြောခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဲဒါကတော့ Kendall ဟာ ဆေးခြောက်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးလေ့ရှိတဲ့ Stonner  တစ်ဦးဆိုတာပါပဲ။ အဲဒီအကြောင်းကို  ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလက ရိုက်ကူးခဲ့ပြီး အခုအချိန်မှ ထုတ်လွှင့်ပြသခဲ့တဲ့ Kate Hudson နဲ့ Oliver Hudson တို့ရဲ့ စကားဝိုင်းတစ်ခုမှာပဲ ဖြစ်ပါတယ်။ အဆိုပါ စကားဝိုင်းမှာ Oliver က Kendall Jenner နဲ့ သူမရဲ့ အမဖြစ်သူ Kourtney Kardashian ကို “မိသားစုထဲမှာ Stoner တစ်ယောက်ရှိတယ်ဆို အဲဒါဘယ်သူဖြစ်နိုင်မလဲ”လို့ မေးလိုက်တဲ့ အချိန်မှာ Kardashian က Kendall ဖြစ်ကြောင်း ချက်ချင်းတန်းပြောခဲ့သလို Kendall ကလည်း သူမဟာ ဆေးခြောက်ကို အလွန်အမင်းကြိုက်နှစ်သက်တဲ့ Stoner တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

“ဒီအကြောင်းကို တစ်ခြား ဘယ်မှာမှ မပြောဖူးပါဘူး။ ဒီစကားဝိုင်းမှာမှ စကားဆက်စပ်မိလို့ ပြောဖြစ်တာပါ။ သောက်တယ်ဆိုတာကလည်း ကျွန်မနေတဲ့ California က marijuana တရားဝင်သုံးစွဲခွင့်ရှိတယ်လေ။ ပြီးတော့ marijuana က ကျွန်မစိတ်ကို တော်တော်လေး လန်းဆန်းစေပါတယ်။ ဒါ့ကြောင့်လည်း ကြိုက်လွန်းလို့ကို သောက်မိနေတာပါ။ ကျွန်မ ညီမ Kylie ကတော့ ကျွန်မနဲ့ တစ်ခြားဆီပါပဲ။ သူကအနံ့တောင် ခံနိုင်တဲ့လူမျိုးမဟုတ်ပါဘူး။ ကျွန်မကတော့ မကြာခဏ သောက်လေ့ရှိပါတယ် ”လို့ Kendall က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

did my makeup n stuff

A post shared by Kendall (@kendalljenner) on

Pyi Hein Kyaw