အရေအတွက် ၁သိန်းကျော်လောက်ရှိတဲ့ တောင်ကိုရီးယားရဲ့ အိုင်ဒေါ trainee တွေအတွက် အိုင်ဒေါအဖြစ် ပွဲဦးထွက်လာဖို့ဆိုတာ အရမ်းကို အခွင့်အရေးနည်းပါတယ်။ သူတို့တွေထဲက (၀.၁)ရာခိုင်နှုန်းလောက်ကသာ အိုင်ဒေါတွေအဖြစ် ပရိသတ်တွေရှေ့ကို ရောက်ရှိလာကြပြီး ကျန်တဲ့ သူတွေကတော့ Trainee ဘဝမှာ ဆက်ပြီးတော့ လေ့ကျင့်နေကြရပါတယ်။ဒီကနေ့မှာတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာရထားပြီး နာမည်ကျော်ကြားတဲ့ Trainee တွေဖြစ်ကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အိုင်ဒေါတွေအဖြစ် ပရိသတ်တွေရှေ့ကို ရောက်မလာနိုင်ကြသေးတဲ့ သူတွေကို တင်ဆက်ပေးလိုက်ပါတယ်။

1. Lee Soo Min

သူမကတော့ Fantagio Entertainment က traniee တစ်ေ်ယာက်ဖြစ်ပြီး Produce101 ဆိုတဲ့ နာမည်ကျော်သီချင်းဆိုပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယှဉ်ပြိုင်သူ ၁၀၁ယောက်မှာ အဆင့်၃၁ ချိတ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲက နှုတ်ထွက်ခဲ့ပြီးနောက်မှတော့ Kpop Star သီချင်းဆိုပြိုင်ပွဲမှာ ထပ်မံပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ top 6 အထိပါဝင်ခဲ့ပေမဲ့ ဒီပြိုင်ပွဲမှာလည်း ဖိုင်နယ်အထိ မတက်ရောက်နိုင်ခဲ့ပါဘူး။ သူမကတော့ လောလောလတ်လတ်မှာ LOEN Entertainment ရဲ့ trainee တစ်ယောက်အဖြစ်ရှိနေပြီးတော့ ပရိသတ်တွေကတော့ ၂၀၁၈ခုနှစ်မှာ အိုင်ဒေါအဖြစ်ပွဲဦးထွကလာဖို့ မျှော်လင့်နေကြပါတယ်။

2. Heo Chanmi

သူမကတော့ Coed School နဲ့  F-ve Dolls အဖွဲ့တွေမှာ ပါဝင်ပြီး အိုင်ဒေါအဖြစ် ပွဲဦးထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ကွဲသွားတဲ့ နောက်မှတော့ အေဂျင်စီအသစ်တစ်ခုမှာ Traineeဘဝနဲ့ ပြန်လည်စတင်ခဲ့ရပါတယ်။ နာမည်ကြီး အဆိုတော်ပြိုင်ပွဲတွေဖြစ်တဲ့ Produce 101 နဲ့ Mix Nineတို့မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ လောလောလတ်လတ်မှာတော့ သူမဟာ Highcolor ဆိုတဲ့ အဖွဲ့သစ်တစ်ခုမှာ ပါဝင်မှာ ဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။

3. Cher Kong

သူမကတော့ JYP Entertainmentရဲ့ trainee တစ်ယောက်ဖြစ်ပြီး Twice အဖွဲ့နဲ့အတူ ပွဲဦးထွက်ဖို့အတွက် လွဲချော်ခဲ့ရသူပါ။ သူမကတော့ တောင်ကိုရီးယားရဲ့ ကေပေါ့လောကကို စွန့်ခွာပြီး တရုတ်ကို ပြောင်းရွှေသွားခဲ့ပါတယ်။ Lady Bees ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရအသင်းထဲမှာပါသွားခဲ့လို့ တရုတ်ပြည်မှာပဲ အနုပညာလှုပ်ရှားမှုတွေပြုလုပ်လျက်ရှိပါတယ်။

4. Ahn So Jin

သူမကတော့ KARA အဖွဲ့အတွက် အဖွဲ့ဝင်သစ်ရွေးချယ်တဲ့ Baby Kara သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ သူမကို အသစ်ထွက်လာမယ့် APRIL အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်မယ်လို့မျှော်လင့်ခဲ့ကြပေမဲ့ APRIL အဖွဲ့မှာလည်း မပါဝင်ခဲ့ပါဘူး။ သူမဟာ စိတ်ကျဝေဒနာကို ပြင်းထန်စွာခံစားရပြီးနောက်မှာတော့ ၁၀ထပ်တိုက်ပေါ်ကနေ ခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။

5. Han Seo Hee

သူမကတော့ Pledis  နဲ့ Jellyfish Entertainment နှစ်ခုလုံးရဲ့ trainee တစ်ယောက်ဖြစ်ခဲ့ပါတယ်။ တားမြစ်ထားတဲ့ ဆေးသုံးစွဲတယ်ဆိုတဲ့ ကောလဟာလတွေထွက်ပြီး နောက်မှာတော့ ကိုရီးယားတွေဟာ သူမ ဘယ်တော့မှာ အိုင်ဒေါဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

6. Bang Ye Dam

သူကတော့ ၂၀၁၂ ခုနှစ်က K-Pop Star သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကိုရီးယားရဲ့ Justin Bieberလေးလို့တောင် နာမည်ကြီးခဲ့ပါတယ်။ ပရိသတ်တွေကတော့ အဲဒီအချိန်ကတည်းက သူ အိုင်ဒေါအဖြစ်ပွဲဦးထွက်လာမယ့် အချိန်ကို စောင့်မျှော်နေခဲ့တာပါ။ လတ်တလောမှာတော့ Stray Kids ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲမှာလည်း ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ပရိသတ်တွေရှေ့ကို အိုင်ဒေါအဖြစ်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။ သူကတော့ YG Entertainment ရဲ့ trainee တစ်ယောက်ဖြစ်ပါတယ်။

7. Jeon Woong

သူကတော့JYP Entertainment လက်အောက်မှာ ရှိနေခဲ့တာဖြစ်ပြီး GOT7အဖွဲဝင်အဖြစ် ပွဲဦးထွက်ဖို့ လွဲချော်ခဲ့တဲ့ နောက်မှာတော့ YG Entertainment ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူကတော့ Mix Nine သီချင်းဆိုပြိုင်ပွဲမှာပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ထဲမှာ အိုင်ဒေါအဖြစ် ပွဲဦးထွက်မယ်လို့ မျှော်လင့်ရပါတယ်။

8. Kim Hong Joong

ပရိသတ်တွေကတော့ ရပ်(ပ်)ရွတ်ခြင်း၊သီချင်းစပ်ခြင်း နဲ့ Producing အပိုင်းတွေမှာပါ ကျွမ်းကျင်တဲ့ Kim Hong Joong ကိုလည်း အမြန်ဆုံး အိုင်ဒေါဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

9. Woo Jin Young

traniee တစ်ယောက်ဖြစ်တဲ့Woo Jin Young ကတော့  Mix Nine သီချင်းဆိုပြိုင်ပွဲမှာ နံပါတ်၁ချိတ်ခဲ့ပြီး အိုင်ဒေါအဖြစ်ပွဲဦးထွက်တော့မယ်လို့ ယူဆရပါတယ်။ သူကတော့ ဒီနှစ်ထဲမှာ လူစိတ်ဝင်စားမှု အခံရဆုံး Traineeတစ်ယောက်လည်း ဖြစ်ပါတယ်။

Source: Koreaboo