G-Dragon ရဲ့ နာမည်အရင်းကတော့ Kwon Ji-yong ပါ။ အနုပညာနာမည်ကတော့  G-Dragonပါ။ G-Dragon ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီးရက်ပ်ပါ အဆိုတော်၊ sတးရေး၊ record producer ၊ စွန့်ဦးတီထွင်သူနဲ့ fas hion icon တစ်ယောက်ပါ။ (၁၉၈၈)မှာ မွေးပြီး အသက်ကတော့ (၂၉)နှစ်ပါ။ ဖေဖော်ဝါရီ (၂၇)ရက်နေ့ကစပြီး G-Dr agon တစ်ယောက် စစ်မှုထမ်းနေပါတယ်။ G-Dr agon နဲ့ပတ်သက်ပြီး သင်မသိလောက် သေးတဲ့  အကြောင်းအရာ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1.ပထမဆုံးအယ်ဘမ်ကို သူ့အသက်…

G-Dragon ကတော့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတယ်ဆိုတာ လုံးဝ သံသယ၀င်စရာ မလိုပါဘူး။ Little Lula ဆိုတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။(၁၉၉၃)ခုနှစ်၊ခရစ်စမတ်မှာ ပွဲဦးထွက်ခဲ့တာပါ။သူ့ရဲ့ ပထမဆုံး အယ်ဘမ်ကို အသက် (၅)နှစ်သားအရွယ်မှာ ထွက်ရှိခဲ့တာပါ။

2.ကလေး TV Show မှာပါဝင်

အနုပညာနယ်ပယ်ထဲကို kid’s television show တစ်ခုမှာ ပါဝင်ရင်းနဲ့ ၀င်ရောက်လာခဲ့တာပါ။အဲ့ဒီ TV Show ကတော့ သူ့ရဲ့ အနုပညာလောက ခြေလှမ်းအစပါ။TV program Bbo Bbo Bbo  မှာ (၁၉၉၂)တုန်းက ပါဝင် ခဲ့ဖူးပါတယ်။

3.သူ့ရဲ့ ပထမဆုံး CD ချပ်

ပထမဆုံး CD  ကတော့ Wu-Tang Clan အယ်ဘမ်ပါ။သူ့ရဲ့ ပထမဆုံးအယ်ဘမ်ကတော့ Enter the Wu-Tang (36 Chambers)”  ဖြစ်ပြီး ဒါဟာ G Dragon ကို Rap နဲ့မိတ်ဆက်ပေးခဲ့တာပါ။

4. SM Entertainment နဲ့ ပထမဆုံးလက်တွဲ

အရင်ဆုံး လက်တွဲပြီး Training ယူခဲ့တာက  SM Entertainment နဲ့ပါ။ SM Entertainment  နဲ့ ငါးနှစ်လောက် လက်တွဲပြီး နောက်ပိုင်းကျမှသာ YG Entertainment နဲ့ လက်တွဲခဲ့တာပါ။

5.(2006)မှာ G-Dragon ဆိုတာဖြစ်လာ

(2006) မှာတော့ G-Dragon ဆိုတာဖြစ်လာခဲ့တာပါ။ YG Entertainment ကနေ ရွေးချယ်ခဲ့ပြီး BIGBANG  အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင် G-Dragon ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

6. “G-Dragon” ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံ

ဒီနာမည်ဖြစ်ပေါ်လာရတဲ့ သမိုင်းက (၂)ခုရှိပါတယ်။ ပထမကတော့ သူ့ရဲ့ နာမည်ရင်း Jiyong – G “지” [Ji] and “용” [Yong] ရဲ့ အဓိပ္ပါယ်က နဂါးပါ။ ဒုတိယအချက်ကတော့ တရုတ်ပြက္ခဒိန်အရ နဂါးနှစ်မှာ မွေးတဲ့ အတွက် အနုပညာနာမည်ကို G-Dragon ဆိုပြီး ပေးဖြစ်ခဲ့တာပါ။

7. (၁၃)နှစ်သားတည်းက Rap ရွတ်ခဲ့

Wu-Tang Clan ကြောင့် Grade (3) မှာ စပြီး Rap ရွတ်သင်တန်း တက်ခဲ့ပါတယ်။အဲ့ဒီနောက် “FLEX” album ကို (၂၀၀၁)မှာ ထွက်ရှိခဲ့ပါတယ်။(၁၃)နှစ်သားတည်းက Rap ရွတ်ခဲ့တာပါ။

8. (၇)နှစ်သားတည်းက ဖျော်ဖြေတင်ဆက်မှုလုပ်ခဲ့

အသက်(၇)နှစ်သားတည်းက အမိုက်စား Performance လုပ်ခဲ့တာပါ။ Little Roora  ရဲ့ အဖွဲ့ ၀င် ဖြစ်ပြီး အမိုက်စား ကကွက်တွေနဲ့ အနုပညာစွမ်းရည်တွေကို ချပြခဲ့တာပါ။

9. သူလေးစားအားကျရတဲ့သူတွေ……………

သူလေးစားအားကျရတဲ့ Idol အနုပညာရှင်တွေ အများကြီးပါ။ အဲ့ဒီအထဲမှာ Jay-Z, Beyonce, Rihanna, Blackstreet, JO, Pharrell, Maroon 5, Mondo Grosso,015B တို့ ပါဝင်ပါတယ်။

Source koreaboo