ကိုရီးယားမှာ နာမည်ကြီးအနုပညာရှင်တွေ အများကြီးပါ။ အဲ့ဒီအထဲကမှ သူတို့ရဲ့ အနုပညာ စွမ်းရည်တစ်ခုတည်းကြောင့် မဟုတ်ပဲ ကြင်နာတတ်တဲ့ နှလုံးသားကြောင့် နာမည်ကြီးတဲ့ ဆယ်လီ တွေ  ရှိပါတယ်။သူတို့တွေကတော့ လိုအပ်တဲ့သူတွေကို တက်စွမ်းသမျှ ကူညီပေးတတ်ကြပြီး အကူအညီ လို အပ်နေသူတွေကို ကမ်းလက်လှမ်းဖို့ ၀န်မလေးတတ်ကြသူတွေပါ။ကြင်နာတဲ့ နှလုံးသား ပိုင်ရှင် တွေကတော့…

1. Yoo Jaesuk

Fan တွေကို ဘယ်တော့မှ မျက်နှာမငယ်ရအောင်ထားတဲ့ ဆယ်လီတစ်ယောက်ပါ။အသားမယူ တတ် တဲ့ ၊အမျိုးသမီးတွေ အပေါ်ကြင်နာငဲ့ညာတက်သူအဖြစ် နာမည်ကြီးပါတယ်။လူမသိ သူမသိ အလှူတွေ တိတ်တိတ်ကြိတ်လုပ်တက်သူလည်း ဖြစ်ပါတယ်။

2. Gong Yoo

လူပျိုကြီး Gong Yoo ကတော့ အလှူအတန်းတွေလည်း အများကြီးလုပ်တတ်သလို၊ UNICEF Korea ရဲ့ Ambassador တစ်ယောက်ပါ။

3. B.A.P’s Bang Yongguk

အလှူအတန်းကိုလည်း တက်နိုင်သမျှ ပါဝင်ပေးတတ်သလိုကလေးသူငယ်တွေကို စောင့်ရှောက်ေ ပးနေတဲ့  World Vision ၊ Save the Children၊ UNICEF အစရှိတဲ့ အဖွဲ့အစည်း တွေရဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပေးတတ်သူပါ။

4. Park Shinhye

Park Shinhye ကလည်း အလှူအတန်းရက်ရောသူလေးအဖြစ် နာမည်ကြီးသူပါ။

5. Song Joongki

Song Joongki ကလည်း အလှူအတန်းမှာ နာမည်ကြီးပါတယ်။သူ့ရဲ့ အလှူတွေထဲက တစ်ခုကို ထုတ်ပြရရင်တော့ ကလေးဆေးရုံတစ်ရုံကို voluntary project တစ်ခုအနေနဲ့ သွားရင်း “Hope Sharing Fund” အတွက် ၀မ် သန်း တစ်ရာ လှူခဲ့ဖူးပါတယ်။

6. Yoo Seungho

သီရိလင်္ကာနဲ့ အိန္ဒိယတို့မှာ ပရဟိတအလုပ်တွေ လုပ်ခဲ့ဖူးပါတယ်။အလှူတွေလည်း လုပ်တတ်သူပါ။

7. Ha Jiwon

သူမကလည်း ပရဟိတအလုပ်တွေ၊အလှူတွေကို တက်နိုင်သမျှ ကိုယ်တိုင်အင်တိုက်အားတိုက် ပါဝင် လုပ်ကိုင်တတ်သူပါ။  ‘The Smile Again Project တစ်ခုကိုလည်း လုပ်ခဲ့သူပါ။

8. Lee Minho

လီမင်ဟိုကလည်း အလှူလုပ်တဲ့ နေရာမှာ နာမည်ကြီးတဲ့ အနုပညာရှင်တွေ ထဲက တစ်ယောက်ပါ။  ‘PROMIZ’ ဆိုတဲ့ ပရဟိပရောဂျက်တစ်ခုကိုလည်း လုပ်သူပါ။

Source kstarlive