ထိုင်း ဒရမ်မာဇာတ်လမ်းတွဲ တွေ က တော့ အခုဆိုရင် ပရိသတ်တွေ ကြားမှာ အရမ်းကို နာမည်ကြီး နေပါတယ်။ ထိုင်းဇာတ်ကားတွေ က အာရှ နိုင်ငံ တော်တော် များများကို လွှမ်းခြုံ လာနိုင်တဲ့ အထိ အောင်မြင် လာပါတယ်။ဇာတ်ကားတွေ ရိုက်တဲ့ အခါ မှာ ဘယ်မင်းသမီးနဲ့ပဲ တွဲရိုက်ရိုက် အရမ်း ကို အ ပေးအယူ မျှ ပြီး လိုက်ဖက် လွန်းတဲ့ မင်းသားတွေ ရှိပါတယ်။ဒီအ ကြောင်းကိုတော့ Thai Update မှာပါ ဖော်ပြထားတာပါ။
Dj Push Puttichai
View this post on Instagram
เค้าว่ารูปนี้ หน้าเหมือนกัน! จริงหรอ 🤣 #สร้อยสวยมากครับพี่แมร์ @kalamare @powerdiamondasia
Dj Push ကလည်း မင်းသမီးတိုင်းလိုလို နဲ့ ကို လိုက်ဖက် အောင် သရုပ်ဆောင် နိုင်သူပါ။သူနဲ့ လိုက်တဲ့ မင်းသမီးတွေ က တော့ Esther Supreeleela, Vill Wannarot, သူ့ဇနီး Jooy Warattaya တို့ ပါ။
Mik Thongraya
Mik Thongraya က တော့ အခုနောက်ပိုင်းမှာ ပရိသတ်တွေကြား တော်တော် လေး နာမည်ကြီး ရေပန်းစား လာတဲ့ မင်းသားတစ်ယောက်ပါ။သူက တော့ မင်းသမီး Bow Maylada, Pooklook Fonthip, Mookda Narinrak တို့ နဲ့ အရမ်းကို အတွဲညီတဲ့ မင်းသားတစ်ယောက်ပါ။
Pope Thanawat
Pope Thanawat က တော့ မင်းသမီးတိုင်းလိုလိုနဲ့ ကို chemistry အရမ်းမိ အောင် နေ တတ်တဲ့ မင်းသားပါ။Mew Nittha, Ploy Chermarn, Esther Supreeleela, Bella Ranee တို့ နဲ့ တွဲ ပြီး အလုပ်လုပ် ဖူး ပါတယ်။
Mark Prin
Mark Prin ကလည်း ဘယ်မင်းသမီးပဲ လာလာ လိုက်ဖက် အောင် သရုပ်ဆောင် နိုင်တဲ့ အနုပညာရှင် တစ်ယောက်ပါ။သူနဲ့ အရမ်း အတွဲ ညီအောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတွေ က တော့ Mint Chalida, Yaya Urassaya, Taew Natapohn, Mew Nittha တို့ပါ။
James Ma
James Ma နဲ့ အလိုက်ဖက်ဆုံး မင်းသမီးတွေ က တော့ Matt Peranee, Mint Chalida, Kimmy Kimberley Anne Woltemas, Diana Flipo တို့ပါ။
Weir Sukollawat
Weir Sukollawat က တော့ ဒရမ်မာဇာတ်ကားတွေ အများကြီး ရိုက်ခဲ့ဖူးပါတယ်။သူနဲ့ တွဲ ရိုက်တဲ့ မင်း သမီးတွေ ထဲမှာဆိုရင်တော့ Varitthisa., Pancake Khemanit, Pinky Savika, Aum Patchrapa, Kwan Usamanee, Mai Davika တို့ အားလုံးနဲ့ ကို လိုက်ဖက် အောင် သရုပ်ဆောင်နိုင်ခဲ့သူပါ။
Mario Maurer
Mario Maurer နဲ့ အရမ်း လိုက်ဖက် အတွဲ ညီ လွန်းသူလေး တွေ က တော့ Baifern Pimchanok, Mai Davika, Kimmy Kimberley Anne Voltemas, Mint Chalida, Taew Natapohn တို့ပါ။