မကြာခင်မှာပဲ DSP Media အေဂျင်စီကနေပြီး boy group အဖွဲ့သစ်ကို ပွဲထုတ်ပေးတော့မှာပဲ ဖြစ်ပါတယ်။ January 19 ရက်နေ့မှာတော့ အေဂျင်စီကနေပြီး ဒီနှစ်လယ်လောက်မှာ ယောကျာ်းလေးအဖွဲ့သစ် ပွဲဦးထွက်လာမယ့်အကြောင်းကို အတည်ပြုကြေညာပေးခဲ့တာပါ။ ဒီ group ထဲမှာတော့ X1 အဖွဲ့ဝင် Song Dongpyo ပါဝင်မယ်လို့ ပြောကြားခဲ့သလို အဖွဲ့ဝင် ခုနှစ်ယောက် ပါဝင်မယ်လို့ ပြောထားပါတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကိုတော့ အတည်ပြုပြောကြားခြင်း မရှိသေးပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ သူတွေကတော့ ထင်ကြေးပေးခံနေရပါပြီ။ ဒီသတင်းကို kstarlive က ဖော်ပြထားတာ ဖြစ်ပါတယ်။

Song Dongpyo

 

အဖွဲ့ထဲမှာ ပါဝင်ဖို့ အတည်ပြုခံထားရတဲ့ Song Dongpyo ကတော့ September 9, 2002 ခုနှစ်မှာ မွေးဖွားပြီး အခုမှ အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတဲ့ ငယ်ငယ်ချောချော ကောင်းလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

Shimada Shouu

 

Shimada Shouu ကိုတော့ May 11, 1998 မှာမွေးပြီး အသက် 23 နှစ်ရှိပြီပဲ ဖြစ်ပါတယ်။

Lee Sangmin

 

 

View this post on Instagram

 

A post shared by DSP_N PARAGUAY 🐤 (@dspboys.ofc_py)

Lee Sangmin ဟာလည်း 2002 ခုနှစ်ဖွား တစ်ယောက်ဖြစ်ပြီး အသက် ဆယ့်ရှစ်နှစ်ပဲ ရှိပါသေးတယ်နော်။

Lee Junhyeok

 

 

View this post on Instagram

 

A post shared by DSP_N PARAGUAY 🐤 (@dspboys.ofc_py)

May 16, 2000 ခုနှစ်မှာ မွေးဖွားတဲ့ Lee Junhyeok က အခုဆိုရင် အသက် 21 နှစ်ရှိပြီ ဖြစ်ပါတယ်။

Kim Seongbu

 

 

View this post on Instagram

 

A post shared by DSP_N PARAGUAY 🐤 (@dspboys.ofc_py)

အဖွဲ့ဝင် Kim Seongbu ဟာ 2001 ခုနှစ်ဖွားဖြစ်ပြီး အသက် 20 ရှိပါပြီနော်။

Park Siyoung

 

2003 ခုနှစ်ဖွားတစ်ယောက်ဖြစ်ပြီး အသက် 17 စွန်းစွန်းလေးပဲ ရှိသေးတဲ့ Park Siyoung လေးက အဖွဲ့ရဲ့ ဒုတိယ အသက်အငယ်ဆုံးသူပဲ ဖြစ်ပါတယ်။

Jang Yoobin

 

 

View this post on Instagram

 

A post shared by DSP_N PARAGUAY 🐤 (@dspboys.ofc_py)

အဖွဲ့ရဲ့ အသက်အငယ်ဆုံးလေး Jang Yoobin ကတော့ 2004 ခုနှစ်ဖွား တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

Khin