ဆံပင်အဖြူရောင်ကာလာမျိုးက လူတိုင်းနဲ့ လိုက်ဖက်မှုမရှိတဲ့ အရောင်မျိုးဖြစ်တာကြောင့် တော်ရုံလူတွေ သိပ်မဆိုးရဲကြပါဘူးနော်။ ဒါပေမယ့် ဒီ ယောကျာ်းလေး kpop အနုပညာရှင်တွေက ဆံပင်ကာလာ အဖြူရောင်နဲ့ အရမ်းကို လိုက်ဖက်လွန်းကြပြီး ပုံပြင်ထဲက မင်းသားလေးတွေအလား ထင်မှတ်မှားရအောင် ဆွဲဆောင်မှုရှိလွန်းကြပါတယ်နော်။
EXO’s Baekhyun
View this post on Instagram
EXO အဖွဲ့ဝင် တစ်ယောက်ဖြစ်သလို တေးရေး၊ သရုပ်ဆောင် အလုပ်တွေကိုပါ လုပ်ကိုင်တဲ့ Baekhyun က ဆံပင်အဖြူရောင်လေးနဲ့ ရှင်းသန့်ပြီး အရမ်းလိုက်ဖက်မှုရှိလွန်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
NCT’s Taeyong
View this post on Instagram
Taeyong က NCT အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သလို rapper, အဆိုတော်၊ တေးရေး၊ dancer အလုပ်တွေမှာပါ ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ Taeyong ဟာလည်း ဆံပင်ကာလာ အဖြူရောင်လေးနဲ့ အရမ်းကို မိမိုက်နေသူ တစ်ယောက်ဖြစ်ပါတယ်နော်။
MONSTA X’s Minhyuk
View this post on Instagram
MONSTA X အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ရုံမက MC တစ်ယောက်လည်းဖြစ်တဲ့ Minhyuk က ဆံပင်အဖြူရောင်လေးနဲ့ အရမ်းကို ချစ်စရာကောင်းနေပါတယ်။
BTS’s Suga
View this post on Instagram
အားလုံးက ချစ်ရတဲ့ BTS ရဲ့အဖွဲ့ဝင် Suga လေးကလည်း ဆံပင်ကာလာ အဖြူလေးနဲ့ အရမ်းကို လိုက်ဖက်လွန်းနေတဲ့အထဲမှာ ပါဝင်ပါတယ်နော်။ Suga က အဆိုတော်၊ rapper, တေးရေးနဲ့ record producer အလုပ်တွေကို လုပ်ကိုင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
BIGBANG’s GDragon
View this post on Instagram
BIGBANG အဖွဲ့ရဲ့ leader တစ်ယောက်ဖြစ်တဲ့ GDragon ဟာလည်း ဆံပင်ကာလာ အဖြူရောင်နဲ့ လိုက်ဖက်လွန်းတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
SEVENTEEN’s Joshua
View this post on Instagram
SEVENTEEN ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Joshua ရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးက ဆံပင်ကာလာ အဖြူရောင်လေးနဲ့ ပိုလိုက်ဖက်မှုရှိနေပါတယ်နော်။
Khin