ကိုယ်သဘောကျတဲ့ အရာလေးတွေကို စုဆောင်းရတာကတော့ ပျော်စရာကောင်းတဲ့ ဝါသနာတစ်ခုပါ။ ကေပေါ့ပရိသတ်တွေဆိုရင်တော့ Bias ရဲ့ Photocard တွေကို စုဆောင်းရတာ တော်တော်လေးဝါသနာပါကြပါတယ်။ ဒါပေမဲ့ ကေပေါ့အိုင်ဒေါ့အချို့ကတော့ ထူးထူးဆန်ဆန်းအရာတွေကို စုဆောင်းရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ထူးထူးဆန်းဆန်းတွေ စုဆောင်းရတာ ကြိုက်တဲ့ ကေပေါ့အိုင်ဒေါ ၅ယောက်ကို ဖေါ်ပြပေးလိုက်ပါတယ်။ သူတို့ရဲ့ အကြိုက်တွေကလည်း တော်တော်လေးကို စဉ်းစားစရာပဲနော်။
1. T-ara’s Boram
သူမကတော့ ရေပုလင်းတွေကို စုဆောင်းရတာ ကြိုက်တဲ့ ထူးထူးဆန်းဆန်းလူသားလေးပါ။

2. BIGBANG’s T.O.P.
BIGBANG အဖွဲ့ဝင် T.O.P. ကတော့ အရုပ်တွေကို အရမ်းကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အထူးသဖြင့် Bearbricks တွေကို စုဆောင်းရတာနှစ်သက်ပါတယ်။

3. iKON’s Bobby
iKON အဖွဲ့ဝင် Bobbyကတော့ Winnie the Pooh အရုပ်တွေကို တော်တော်လေးကြိုက်တာကြောင့် ပရိသတ်တွေက အဲဒီအရုပ်လေးတွေ လက်ဆောင်ပေးလေ့ရှိကြပါတယ်။ Bobbyကတော့ သူငယ်ငယ်ထဲက Winnie the Pooh အရုပ်လေးကို အခုအချိန်အထိ သိမ်းထားဆဲဖြစ်ပါတယ်။

4. Super Junior’s Heechul
Super Junior အဖွဲ့ဝင် Heechul ကတော့ ‘Frozen‘ ရုပ်ရှင်ရဲ့ ပရိသတ်တစ်ေ်ယာက်ဖြစ်ပါတယ်။ သူကတော့ anna နဲ့ elsa ကို ဘယ်လောက်ကြိုက်ကြောင်းကိုပရိသတ်တွေကို မကြာခဏပြလေ့ရှိပြီး ‘Frozen‘ ကားထဲက ပစ္စည်းတွေကိုလည်း သုံးပြလေ့ရှိပါတယ်။

5.Mir
သူကတော့ လူတော်တော်များများကြောက်တဲ့အရာတွေကို စုဆောင်းရတာကြိုက်တာပါ။ သူကတော့ မြွေ၊အိမ်မြှောင်၊ မိကျောင်းတွေကိုလည်း အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားပါတယ်။

Source: Kstarlive