အခုနောက်ပိုင်း Hollywood ရုပ်ရှင်လောကအထိကို အာရှအနွယ်ဖွား မင်းသား၊ မင်းသမီးတွေဟာ တဖြည်းဖြည်းနဲ့ကို နေရာယူလာပါပြီ။ နာမည်ကြီးဇာတ်ကားတွေမှာဆိုရင်လည်း အနည်းဆုံးဇာတ်ကောင်တစ်ကောင်ဟာ အာရှသူ၊ အာရှသားတွေ ဖြစ်နေတတ်ပါတယ်။ အစပိုင်းမှာတော့ Hollywood ရုပ်ရှင်လောကသားတွေဟာ အာရှသရုပ်ဆောင်တွေကို သူတို့ဆီမှာ နေရာသိပ်မပေးချင်ကြပါဘူး။ ဒါပေမယ့် ဇာတ်ကားတွေမှာ အတူတူသရုပ်ဆောင်ကြည့်တဲ့အချိန်မှာတော့ အာရှသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေ အားပေးမှုတွေကြောင့် အခုအချိန်မှာဆိုရင်တော့ အာရှသရုပ်ဆောင်တော်တော်များများဟာ Hollywood ရုပ်ရှင်လောကမှာ တော်တော်လေးကို နေရာရနေပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလည်း Hollywood ရုပ်ရှင်လောကမှာ အအောင်မြင်ဆုံး ထိပ်တန်းအာရှမင်းသမီး ၆ ဦးအကြောင်းကို Cele Now ပရိသတ်ကြီးသိအောင် ပြောပြချင်ပါတယ်။
၁။ Priyanka Chopra Jonas
Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ Priyanka Chopra Jonas ကိုတော့ ရုပ်ရှင်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Priyanka ဟာ Baywatch, Isn’t It Romantic, A Kid Like Jake အစရှိတဲ့ နာမည်ကြီး Hollywood ဇာတ်ကားတော်တော်များများမှာ မင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့အပြင် ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ခုနှစ်တုန်းက Forbes မဂ္ဂဇင်းရဲ့ စစ်တမ်းအရ World’s 100 Most Powerful Womean ထဲမှာ ပါဝင်ခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။
၂။ Claudia Kim
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Claudia Kim ကတော့ Hollywood ရုပ်ရှင်လောကထဲမှာ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က ကျင်းပခဲ့တဲ့ Korea-China Modeling Contest ပြိုင်ပွဲမှာ Claudia ဟာ Winner ဆုကို ရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ခဲ့သလို အဲဒီအချိန်ကစပြီး ဒီနေ့အချိန်အထိကို တောက်လျှောက်အောင်မြင်နေခဲ့ပါတယ်။ ကိုရီးယားဒရာမာဇာတ်ကားတွေနဲ့ ပတ်သတ်ပြီးတော့လည်း ၂၀၀၆ ခုနှစ်က ကျင်းပခဲ့တဲ့ SBS Awards for Acting ဆုပေးပွဲမှာ New Star Award ဆုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ Marvel ကရိုက်ကူးတဲ့ Avengers: Age of Ultron နဲ့ Netflix ကရိုက်ကူတဲ့ Marco Polo စီးရီးဇာတ်ကားတွေနဲ့ ပရိသတ်တွေအများကြီး ထပ်မံရရှိခဲ့သူ ဖြစ်ပါတယ်။
၃။ Awkwafina
Awkwafina ရဲ့ နာမည်အရင်းကတော့ Nora Lum ဖြစ်ပြီး Nora ကို အနုပညာရှင်တော်တော်များများက Awkwafina အဖြစ်သာ သိရှိကြပါတယ်။ Nora ဟာ အမေရိကန်-တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး မင်းသမီးတစ်ဦးလည်းဖြစ်ကာ ရက်ပါမလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ Nora ကို ပရိသတ်တော်တော်များများက Ocean’s 8 ဇာတ်ကားနဲ့ Crazy Rich Asians ဇာတ်ကားတွေမှာ သိရှိခဲ့တာဖြစ်သလို Nora ဟာလည်း အဆိုပါဇာတ်ကား ၂ ကားနဲ့ တော်တော်လေး နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Nora ဟာ Golden Globe Award ဆုပေးပွဲမှာ Best Actress ဆုကို ရရှိခဲ့တဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ ဂီတဖက်မှာဆိုရင်လည်း လက်ရှိမှာတော့ Yellow Ranger နဲ့ In Fina We Trust လို့ အမည်ရတဲ့ Hiphop Album နှစ်ချပ်ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
၎။ Constance Wu
မင်းသမီးချောလေး Constance Wu ကိုတော့ ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Constance Wu တစ်ယောက် Rachel Chu အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Crazy Rich Asians ဇာတ်ကားဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးအနှံ့ကို ကျော်ကြားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး Constance Wu ကိုယ်တိုင်ဟာလည်း အဆိုပါဇာတ်ကားနဲ့ တော်တော်လေးနာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာတော့ Satellite Award ဆုပေးပွဲမှာ Best Actress ဆုနဲ့ Golden Globe Award ဆုပေးပွဲတို့မှာ Best Actress ဆုတို့ကို ရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။
၅။ Gemma Chan
တရုတ်အနွယ်ဖွား British မင်းသမီးတစ်ယောက်ဖြစ်တဲ့ Gemma Chan ဟာဆိုရင်လည်း မင်းသမီးမဖြစ်ခင်ကတည်းက မော်ဒယ်လ်လောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့တဲ့ နာမည်ကြီးမော်ဒယ်လ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Elle, Cosmopolitan, The Sunday Times Style အစရှိတဲ့ ကမ္ဘာကျော် ဖက်ရှင်မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရတဲ့ မော်ဒယ်လ်မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Crazy Rich Asians, Captain Marvel, The Eternals အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာပါ မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။
၆။ Deepika Padukone
View this post on Instagram
Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Deepika Padukone ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Deepika ဟာ Bollywood ရုပ်ရှင်လောကရဲ့ ကြေးအမြင့်ဆုံးမင်းသမီးတွေထဲက တစ်ယောက် ဖြစ်တဲ့အပြင် အကောင်းဆုံးအမျိုးသမီးရုပ်ရှင်သရုပ်ဆောင်ဆုကို သုံးကြိမ်တိုင်တိုင် ရရှိထားတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်တုန်းက 100 most influential people in the world ထဲမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ကြောင်း Time မဂ္ဂဇင်းက ဖော်ပြချက်အရ သိရှိရပါတယ်။
Pyi Hein Kyaw