၂၀၁၇ ခုနှစ်ဟာတော့ တောင်ကိုရီးယား အနုပညာလောကအတွက် စိတ်လှုပ်ရှားရင်ခုန်စရာတွေ ပြည့်နေတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ အာရှမှာသာမက အနောက်တိုင်းမှာပါ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး အသစ်သစ်သော အနုပညာရှင်များစွာလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်တစ်နှစ်က ပျော်ရွှင်စရာတွေနဲ့ပဲတော့ ပြည့်မနေနိုင်ပါဘူး။ ၂၀၁၇ဟာ ၀မ်းနည်းကြေကွဲဖွယ် စိတ်ထိခိုက်စရာတွေလည်း တော်တော်လေးများခဲ့တဲ့ နှစ်တစ်နှစ်ပါ။ အောင်မြင်ပြီး လူသိများတဲ့ ကိုရီးယားအနုပညာရှင်တော်တော် များများကို ၂၀၁၇ခုနှစ်မှာ ဆုံရှုံးလိုက်ရပါတယ်။ သူတို့တွေကတော့ …..

Kim Joo Hyuk (October 3rd, 1972 – October 30th, 2017)

သူကတော့  ‘My Wife Got Married’, ‘The Servant’, ‘Yourself and Yours’ စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီး မိန်းကလေးပရိသတ်တွေသာမက ယောင်္ကျားလေးပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ကားအက်စီးဒင့်ကြောင့်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Kim Young Ae (April 21st, 1951 – April 9th, 2017)

သူမရဲ့ဘ၀ကတော့ တကယ့်ကို ရင်မောစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ မကျန်းမာမှု၊ ကောလာဟလ၊ စီးပွားရေး မပြေလည်မှုတွေနဲ့ ရှင်သန်ခဲ့ရပါတယ်။ ဒါပေမဲ့ Kim Young Ae ဟာ သရုပ်ဆောင်အလုပ်လုပ်ရင်းနဲ့ ဒီပြဿနာတွေကို ဖြေရှင်းခဲ့ပါတယ်။ သူမဟာ အသက် (၆၇)နှစ်မှာ ပန်ကရိယကင်ဆာနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Kim Jong Hyun (April 8th, 1990 – December 18th, 2017)

သူရဲ့သေဆုံးမှုကတော့ Kpop လောကကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ စိတ်ကျဝေဒနာကြောင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ပညာရေးနဲ့  LGBT ကိစ္စတွေအတွက် ထောက်ခံအားပေးသူတစ်ဦးလည်း ဖြစ်ပါတယ်။

Choi Seo In (October 18th, 1983 – December 18th, 2017)

သူကတော့ တောင်ကိုရီးယားရဲ့ အောင်မြင်တဲ့ ဟာသအနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ Comedy Big League အစီအစဉ်မှာ ဟာသဥာဏ်ရွှင်ရွှင်နဲ့ ကြည့်ရှုသူတွေကို ပျော်ရွှင်စေခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူကတော့ ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Lee Mi Ji (1960 -November 27th, 2017)

သူကတော့ ‘Untold Scandal’ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Lee Mi Ji ဟာ မဆုံးပါးခင်ကာလမှာလည်း တစ်ယောက်တည်းနေထိုင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့နေအိမ်မှာပဲ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးပြီး ရက်သတ္တပတ်အနည်းငယ်ကြာမှ သူ့မရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူမရဲ့ သေဆုံးမှုဟာ သမရိုးကျသေဆုံးမှုတစ်ခုဖြစ်တယ်လို့ သက်ဆိုင်ရာက ကြေညာခဲ့ပါတယ်။

Source: Kpopmap