ကြေကွဲစရာကောင်းတဲ့ အချစ်ဦးဇာတ်လမ်းလေးတွေရှိခဲ့တဲ့ ကောင်မလေးတွေရဲ့ အသည်းစွဲ တောင်ကိုရီယားရဲ့ နာမည်ကျော် အိုင်ဒေါ (၅)ယောက်အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

1. INFINITE အဖွဲ့ဝင် Sunggyu

Sunggyu ရဲ့ အချစ်ဦးကတော့ ကျောင်းတုန်းက ဂီတအဖွဲ့ထဲက အဖွဲ့ဝင်ဖြစ်ပါတယ်။ Sunggyu ဟာ အဲဒီဂီတ အဖွဲ့ထဲမှာ အဆိုရှင်ဖြစ်ပြီး သူရဲ့ အချစ်ဦးကတော့ ကီးဘုတ်တီးပေးတဲ့သူဖြစ်ပါတယ်။ သူတို့ဟာ သူငယ်ချင်းတွေအဖြစ်နဲ့ စတင်သိကျွမ်းခဲ့ကြပြီးနောက် ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ Sunggyu ဟာ “Dream of a Doll”ဆိုတဲ့ သီချင်းကို ဆိုပြီး သူ့ရဲ့ အချစ်ဦးကို ချစ်ရေးဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ မကြာရှည်ခဲ့ပါဘူး။

2. Hoya

Hoya ကတော့ အထက်တန်းကျောင်းသားဘဝမှာ အချစ်ကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Hoya ဟာ သူ့ရဲ့ အချစ်ဦးကို ဘူဆန်မှာရှိတဲ့ နာမည်ကြီး ကမ်းခြေဆီခေါ်သွားခဲ့ပြီး ချစ်ခွင့်ပန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာလည်း နောက်ဆုံတော့ ကိုယ့်လမ်းကိုယ်လျှေက်ကြဖို့ ရွေးချယ်ခဲ့ပုံပါပဲ။

3. BTOB အဖွဲ့ဝင် Minhyuk

Minhyuk ကတော့ အလယ်တန်းကျောင်းသားအရွယ်မှာ သူထက်တစ်နှစ်ငယ်တဲ့ ကောင်မလေးကို ချစ်ကြိုက်ခဲ့ပြီး (၄)နှစ်ကြာ တစ်ဖက်သတ် crsuh ခဲ့တဲ့ နောက်မှာတော့ Minhyuk အသက် (၂၀)အရွယ်မှာ သူရဲ့ အချစ်ဦးနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ချစ်သူတွေဖြစ်တဲ့ အချိန်မှာတောင် တစ်ဖက်သတ်ချစ်နေတုန်းကလိုပဲ ခံစားခဲ့ရပြီး အဆင်မပြေခဲ့တဲ့နောက်မှာတော့ လမ်းခွဲခဲ့ပါတယ်။

4. Super Junior M အဖွဲ့ဝင် Henry

Henry ကတော့ သူရဲ့ တစ်သက်လုံးမှာ အခုချိန်ထိ ချစ်သူတစ်ယောက်ပဲ ထားခဲ့ဖူးပါတယ်။ သူရဲ့ အချစ်ဦးနဲ့ ကနေဒါမှာတွေ့ခဲ့တာဖြစ်ပြီး (၇)နှစ်ကြာ ဒိတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း  သူမဟာ Henry ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်ခဲ့တာဖြစ်ပါတယ်။

5. EXO အဖွဲ့ဝင် Chanyeol

Chanyeol ကတော့ အသက်နှစ်ဆယ်အရွယ်လောက်မှာ ဘုရားကျောင်းတက်ရင်းတွေ့ခဲ့တဲ့ သူထက်ငယ်တဲ့ ကောင်မလေးကို သဘောကျခဲ့တာဖြစ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ Chanyeol အတွက် လူတစ်ယောက်နဲ့ ရင်းနှီးအောင်လုပ်ရတာ ခက်ခဲတဲ့အရာမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဖွင့်ပြောဖို့ သတ္တိမရှိခဲ့တဲ့ အတွက်ကြောင့် Chanyeol ရဲ့ အချစ်ဦီးဇာတ်လမ်းလေးဟာ တစ်ဖက်သက်အချစ်အနေနဲ့ပဲ ပြီးဆုံးခဲ့ရပါတယ်။

Source: Koreaboo