‘True Beauty’ ဇာတ်ကားမှာ ဒုတိယခေါင်းဆောင် မင်းသားအဖြစ် ပါဝင်ခဲ့တဲ့ မင်းသားချော Hwang In Yeop ဟာ ပရိတ်သတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသားချော Hwang In Yeop ရဲ့ လူတွေသိပ်မသိသေးတဲ့ အချက် ၇ ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

1991 ခုနှစ်ဖွား

 

 

View this post on Instagram

 

A post shared by 황인엽 (@hi_high_hiy)

မင်းသားချော Hwang In Yeop ဟာ အသက်အရွယ်နဲ့မလိုက်အောင်ကို နုပျိုတဲ့သူတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေက အသက်နှစ်ဆယ်ကျော်ဝန်းကျင်လောက်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် Hwang In Yeop ဟာ 1991 ခုနှစ်မှာ မွေးဖွားတာဖြစ်ပြီး အခုဆိုရင် အသက်သုံးဆယ်ရှိပြီပဲ ဖြစ်ပါတယ်။ 2018 ခုနှစ် သူ့အသက် 27 နှစ်မှာ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။

Playlist Studios ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့

မင်းသားချော Hwang In Yeop ဟာ webdrama ဇာတ်ကားဖြစ်တဲ့ ‘Playlist Studios’ ဇာတ်ကားနဲ့ 2018 မှာ ပွဲဦးထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

Model အဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်

 

 

View this post on Instagram

 

A post shared by 황인엽 (@hi_high_hiy)

2018 ခုနှစ်မှာပဲ Hwang In Yeop ဟာ model တစ်ယောက်အဖြစ် စင်မြှင့်တွေပေါ်မှာ လျှောက်လှမ်းခဲ့ဖူးပြီး Royal Rare, CINNU HOMME နဲ့ တစ်ခြားသော ပွဲတွေမှာ မော်ဒယ်အဖြစ် လျှောက်ခဲ့ဖူးပါတယ်။

Soju လုံးဝမသောက်နိုင်ဘူး

 

 

View this post on Instagram

 

A post shared by 황인엽 (@hi_high_hiy)

Hwang In Yeop ဟာ ပေါ့ပေါ့ပါးပါး ဘီယာလောက်သာ သောက်နိုင်ပြီး အရက်လုံးဝမသောက်နိုင်တာပဲ ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ သူလုံးဝ soju မသောက်နိုင်တဲ့အကြောင်းကို ပြောပြခဲ့ဖူးပါတယ်။ သူက နေ့တိုင်း Americano တစ်ခွက်စီ သောက်လေ့ရှိပါတယ်တဲ့နော်။

ခေတ်သစ်နေထိုင်မှုပုံစံထက် ခေတ်ဟောင်းပုံစံကို ပိုနှစ်သက်တယ်

 

 

View this post on Instagram

 

A post shared by 황인엽 (@hi_high_hiy)

သူက ပင်လင်ပြင်ကြီးကိုကြည့်ပြီး အေးအေးချမ်းချမ်းလေး ခံစားနေရတာကို ကြိုက်ပြီးတော့ လက်ရေးနဲ့ ရေးထားတဲ့ စာလေးတွေကို သဘောကျသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ခေတ်သစ်နေထိုင်မှုပုံစံထက် ခေတ်ဟောင်းပုံစံလေးကို ပိုသဘောကျကြောင်း ပေါ်လွင်နေပါတယ်နော်။

Khin