Hollywood ရဲ့ နာမည်ကြီးမင်းသမီးချောလေး Chole Bennet ကိုတော့ ပရိသတ်အများစု သိကြပြီးဖြစ်မှာပါ။ Chole ဟာ Marvel က ရိုက်ကူးတဲ့ Agents of S.H.I.E.L.D စီးရီးဇာတ်ကားထဲမှာ Daisy Johnson နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်သလို Marvel ပရိသတ်တွေရဲ့ အသည်းစွဲ စူပါဟီးရိုးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး animation ဇာတ်ကားတစ်ကားဖြစ်တဲ့ Abominable ကာတွန်းကားမှာလည်း Yi Yi နေရာကနေ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Chole ရဲ့အကြောင်း ပရိသတ်တော်တော်များများ မသိကြသေးတဲ့ အချက် ၅ ချက်ကို ပြောပြပေးချင်ပါတယ်။
၁။ Chole ဟာ Hollywood ရုပ်ရှင်လောကထဲဝင်ဖို့ သူမရဲ့နာမည်ကို ပြောင်းခဲ့ဖူးပါတယ်
Chole Bennet ဆိုတဲ့ နာမည်မှာ Bennet ဟာ တစ်ကယ်တော့ Chole ရဲ့ last name အစစ်မဟုတ်ပါဘူး။ Chole ကို မွေးမွေးချင်း သူမရဲ့ မိဘတွေက Chole Wang ဆိုတဲ့ နာမည်ကို ပေးခဲ့ပြီး Chole Wange ဆိုတဲ့ နာမည်နဲ့ပဲ အချိန်တော်တော်ကြာ ဖြတ်သန်းခဲ့တာပါ။ Hollywood ရုပ်ရှင်လောကထဲ ဝင်ရောက်မယ့်အချိန်မှာတော့ Wang ဆိုတဲ့ Asian နာမည်ကို မကြိုက်လို့ သူ့အဖေရဲ့ First name ဖြစ်တဲ့ Bennet ကို ယူသုံးပြီး Chole Bennet လို့ နာမည်ပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။
၂။ Chole ဟာ အဆိုတော် လုပ်ဖို့အတွက် တရုတ်နိုင်ငံကို ပြန်သွားခဲ့ဖူးပါတယ်
အမေရိကန်နိုင်ငံ၊ Chicago မြို့မှာ မွေးတဲ့ Chole ဟာ တရုတ်ဘာသာစကားတစ်ခုဖြစ်တဲ့ Mandarin ဘာသာစကားကို သင်ယူဖို့နဲ့ သီချင်းဆိုဖို့အတွက် သူမရဲ့ အဖိုးအဖွားတွေရှိရာ တရုတ်နိုင်ငံ၊ Shanghai မြို့ကို ပြန်သွားခဲ့ဖူးပါတယ်။ လေးစားစရာကောင်းတာတစ်ခုက အဆိုပါ ဆုံးဖြတ်ချက်ကို သူမအသက် ၁၅ နှစ်အရွယ်မှာ သူ့ဘာသာသူ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ Chole ဟာ Uh Oh နဲ့ Every Day In Between လို့ အမည်ရတဲ့ single သီချင်းနှစ်ပုဒ် ထွက်ရှိခဲ့ပါတယ်။
၃။ Chole ဟာ Big Bang ရဲ့ MTV မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်
နာမည်အကြီးဆုံး K-pop အဖွဲ့တစ်ခုဖြစ်တဲ့ Big Bang ရဲ့ MTV မှာ Chole တစ်ယောက် သရုပ်ဆောင်ဖူးတယ်ဆိုတာ သူ့ရဲ့ ပရိသတ်တော်တော်များများ မသိကြပါဘူး။ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Big Bang ရဲ့ Tonight လို့ အမည်ရတဲ့ MTV မှာ Chole ဟာ G-Dragon, T.O.P, Seungri, Daesung, Taeyung တို့နဲ့ အတူတူ သရုပ်ဆောင်ခဲ့ဖူးပါတယ်။
၎။ Chole ဟာ စိတ်ဓာတ်ကျရောဂါကို ဆိုရှယ်မီဒီယာကြောင့် ခံစားနေရသူတစ်ယောက်ပါ
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Child Mind Institute က ပြုလုပ်တဲ့ Campaign တစ်ခုမှာ Chole ဟာ “လောကမှာ ကိုယ်တစ်ယောက်တည်းရှိတယ်လို့ ခံစားနေရရင် တစ်ယောက်တည်း ဘယ်တော့မှ မနေပါနဲ့။ ဒီလိုဖြစ်နေလို့လည်း ကိုယ့်ကိုယ်ကို ရူးနေပြီလို့ မထင်လိုက်ပါနဲ့။ မင်းက လူကောင်းတစ်ယောက်ပါ။ ဆိုရှယ်မီဒီယာကို ကောင်းတဲ့နေရာတွေမှာ အသုံးချကြပါ”လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီနောက် အင်တာဗျူးတစ်ခုမှာတော့ Chole က သူမဟာ ဆိုရှယ်မီဒီယာကြောင့် စိတ်ဓာတ်ကျတဲ့ဝေဒနာကို မကြာခဏခံစားနေရသူတစ်ယောက်ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
၅။ Chole ဟာ မိသားစုဝင် အမြောက်အမြားရှိသူတစ်ဦး ဖြစ်ပါတယ်
Chole ရဲ့ ဖခင်ဖြစ်သူဟာ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး မိခင်ကတော့ Caucasian လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ Chole မှာ အကိုတွေ၊မောင်တွေ စုစုပေါင်း ၇ ယောက်ရှိပြီး အကုန်လုံးက သွေးရင်သားရင်းတွေ မဟုတ်ပါဘူး။ Chole ရဲ့ အကို နှစ်ယောက်မှာ တစ်ယောက်က African-American လူမျိုးဖြစ်ပြီး နောက်တစ်ယောက်ကတော့ Mexican-Flioino လူမျိုးတွေဖြစ်ပါတယ်။ Chole ရဲ့ အကိုနှစ်ယောက်စလုံးကို Chole ရဲ့ မိဘတွေက မွေးစားခဲ့တာ ဖြစ်ပါတယ်။
Pyi Hein Kyaw