ကိုရီယားမင်းသမီးချောလေး Bae Doona ကိုတော့ K-pop ပရိသတ်အများစု သိကြပြီး ဖြစ်မှာပါ။ Stranger, Silent Sea, Kingdom အစရှိတဲ့ စီးရီးဇာတ်ကားတွေဟာ သူမရဲ့ အအောင်အမြင်ဆုံး ဇာတ်ကားတွေ ဖြစ်ကြသလို Kingdom ဇာတ်ကားဟာ ဆိုရင်လည်း ကျွန်တော်တို့နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ လူကြိုက်အများဆုံး စီးရီးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မှ အသက် ၄၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ Bae Doona ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ စီးရီးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ထွက်ရှိခဲ့တဲ့ Silent Sea အမည်ရ စီးရီးဇာတ်ကားဖြစ်ပြီး Netflix က ထုတ်လွှင့်ရိုက်ကူးခဲ့တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။ အခုတော့ Celenow ပရိသတ်ကြီးတော်တော်များများ မသိလောက်သေးတဲ့ Bae Doona ရဲ့ အကြောင်းအရာ ၅ ခုကို ပြောပြချင်ပါတယ်။

၁။ Bae Doona ဟာ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်တစ်ယောက် ဖြစ်ပါတယ်

 

 

View this post on Instagram

 

오잉 By @mikaeljansson for @voguemagazine #VogueUS cover for April issue

A post shared by Doona Bae 배두나 (@doonabae) on

၁၉၀၀ ခုနှစ်တွေမှာ နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတော်တော်များများဟာ Kim Min-hee, Im Soo- Jung, Bae Doona အစရှိတဲ့ နာမည်ကြီးမင်းသမီးတွေကို ဖက်ရှင်မော်ဒယ်တွေအဖြစ် စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ Bae တစ်ယောက်ဟာ တက္ကသိုလ်တက်ရင်းနဲ့ မော်ဒယ်လောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Vogue မဂ္ဂဇင်းမှာဆိုရင်တော့ Bae ကို နာမည်ကြီး Hollywood မင်းသမီးတစ်ဦးဖြစ်တဲ့ Scarlett Johansson နဲ့ Bollywood ရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Deepika Padukone တို့ကို Cover ပေါ်မှာ အတူတူ တွေ့ခဲ့ရပါတယ်။

၂။ Bae ဟာ နိုင်ငံတကာ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်

 

 

View this post on Instagram

 

Family❤ #Repost @sense8 ・・・ 4 weeks to freedom. May 5 on @netflix.

A post shared by Doona Bae 배두나 (@doonabae) on

Bae ဟာ Air Doll လို့ အမည်ရတဲ့ ဂျပန်ဇာတ်ကားတစ်ကားမှာ မင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Bae ပါဝင်ခဲ့တဲ့ အဆိုပါ Air Doll ဇာတ်ကားဟာ ၂၀၀၉ ခုနှစ်က ကျင်းပတဲ့ ဂျပန်အကယ်ဒမီဆုပေးပွဲမှာ ဆုပေါင်းများစွာ ရရှိခဲ့သလို Bae ကိုယ်တိုင်လည်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ဂျပန်နိုင်ငံက ရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာလည်း Lana, Lilly Wachowski, Tom Tykwer တို့လို နာမည်ကြီးအမေရိကန်ဒါရိုက်တာတွေ ရိုက်ကူးတဲ့ Cloud Atlas ဇာတ်ကားမှာလည်း မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

၃။ Bae ဟာ သူမအလုပ်အပေါ် အရမ်းတန်ဖိုးထားတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်

 

 

View this post on Instagram

 

#tb #StudioBabelsberg in Mar2016. Stunt training day2. My favourite part of the scene.

A post shared by Doona Bae 배두나 (@doonabae) on

Bae တစ်ယောက် အခုလို အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်လာတယ်ဆိုတာ ကံကောင်းတာထက် သူမကိုယ်တိုင် သေသေချာချာ ကြိုးစားလို့ဆိုရင် ပိုမှန်ပါတယ်။ Sense8 စီးရီးဇာတ်ကား ရိုက်တုန်းကဆိုရင်လည်း အင်္ဂလိပ်လို ပြောပြီး သရုပ်ဆောင်နိုင်ဖို့အတွက် ဘသာစကားပြောဆရာကို ဇာတ်ကားရိုက်ကူးတဲ့ London ကိုခေါ်ပြီး တစ်လလောက် ဒိုင်ယာလော့တွေကိုပြောပြီး သေသေချာချာကို လေ့ကျင့်ခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

၎။ Bae ဟာ Netflix က ပထမဦးဆုံးခေါ်ယူရိုက်ကူးခဲ့တဲ့ ကိုရီးယားမင်းသမီးတစ်ယောက် ဖြစ်ပါတယ်

Bae ရဲ့ သရုပ်ဆောင်စွမ်းရည်ဟာ တော်တော်လေးပီပြင်ပြီး သဘာဝကျလွန်းတာကြောင့် Netflix က Bae ကို သူတို့ရိုက်ကူးတဲ့ Sense8, Kingdom, Stranger, Silent Sea အစရှိတဲ့ စီးရီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ခိုင်းခဲ့ပါတယ်။ ပိုပြီးထူးခြားတာတစ်ခုကတော့ Bae ဟာ Netflix က ပထမဦးဆုံး ခေါ်ယူရိုက်ကူးတဲ့ ကိုရီးယားမင်းသမီးတစ်ယောက် ဖြစ်နေတာပါပဲ။

၅။ Bae ဟာ LV ရဲ့ ပုံရိပ်တစ်ခုလည်း ဖြစ်ပါတယ်

Bae ဟာ သူမရဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ပုံစံတွေကြောင့် တော်တော်လေးကို နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ပုံစံတွေကို ကြိုက်လွန်းလို့ Louis Vuitton ရဲ့ creative director တစ်ဦးဖြစ်သူ Nicolas Gjesquiere ကိုယ်တိုင် ၂၀၁၆ ခုနှစ်မှာ သူကိုယ်တိုင် Bae ကို ဆက်သွယ်ခဲ့ပြီး LV ရဲ့ ဖက်ရှင်တွေကို ဝတ်ပြီး မော်ဒယ်တစ်ယောက် အဖြစ်လုပ်ပေးဖို့ အကူအညီတောင်းခဲ့တာပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw