Miss Korea  ဆုကိုရခဲ့တဲ့ ကိုရီးယားမလေးတွေဟာ နောက်ပိုင်းမှာ တော့ အနုပညာလောကထဲကိုပါ ၀င်ရောက် လာခဲ့ပါတယ်။ အနုပညာလောကထဲမှာ မင်းသမီးအဖြစ် ရပ်တည်နေတဲ့ Miss Korea တွေရှိပါတယ်။ မင်းသမီးအဖြစ် ရပ်တည်နေတဲ့ Miss Korea တွေကတော့…

1. Kim Sungryung (Miss Korea 1988)

 

kstarlive

Kim Sung-ryung ကတော့ အသက် (၅၁)နှစ်အရွယ်တောင်ကိုရီးယားမင်းသမီးပါ။ သူမဟာ (၁၉၈၈)ခုနှစ်တုန်းက Miss Korea အလှမယ် သရဖူကို ဆွတ်ခူးခဲ့သူပါ။ ဆုရပြီးနောက်မှာKBS’s showbiz news program Ente rtainment Weekly မှာ  သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ (၁၉၉၁)ခုနှစ်မှာတော့ ဇာတ်ကား စရိုက်ပြီး အနုပညာလောကထဲ ရောက်လာခဲ့တာပါ။ အသက်ကြီးတဲ့ အထိ Miss Korea ဆိုတဲ့ Image ကို ဆက်ထိန်း သိမ်း ထားနိုင်သူပါ။

kstarlive

2. Kim Sarang (Miss Korea 2000)

koreaboo

Kim Sarang ကတော့ အသက်(၄၀) ရှိနေပါပြီ။ သူမဟာ (၂၀၀၀)ခုနှစ်တုန်းကMiss Korea အလှမယ် ဟောင်းပါ။ လက်ရှိမှာတော့ အနုပညာလောထဲကမှာ မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ Secret Garden (Hyun Bin)၊ A Love to Kill with Rain,  This is My Love (Joo Jin-mo) ဇာတ်ကားတွေကတော့ သူမရဲ့ နာမည်ကြီးဇာတ်ကားတွေပါ။

kstarlive

3. Lee Boyoung (Miss Korea Daejeon 2000)

kstarlive

Lee Boyoung ကတော့ အခုဆိုရင် အသက် (၃၉)နှစ်ရှိနေပါပြီ။ သူမကတော့ (၂၀၀၀)ခုနှစ်တုန်းက Daejeon မြို့ရဲ့ Miss Korea ပါ။ My Daughter Seo-young၊ I Can Hear Your Voice and Whisper ဆိုတဲ့ ဇာတ်ကားတို့နဲ့ နာမည်ကြီးခဲ့သူပါ။

pinterest

4. Park Siyeon (Miss Korea Gangwon 2000)

kstarlive

Park Si-yeon ကတော့ အခုဆိုရင် အသက် (၃၉)နှစ်ရှိနေပါပြီ။ (၂၀၀၀)ခုနှစ်အတွက် Gangwon ရဲ့ ကိုယ်စားပြု Miss Korea ပါ။ ဒီပြိုင်ပွဲက အနုပညာလမ်းကြောင်းထဲကို ရောက်ဖို့ တံခါးပေါက် ဖြစ်စေခဲ့ပြီး သရုပ်ဆောင် အလုပ်ကို (၂၀၀၄)ခုနှစ်ကစပြီး တရုတ်နိုင်ငံမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ CCTV ရဲ့ ဒရမ်မာကားတွေ မှာ ပါဝင် ခဲ့ဖူးပါတယ်။

kstarlive

5. Lee Hanui (Miss Korea 2006) 

kstarlive

Lee Hanee ကတော့ အသက် (၃၅)နှစ်ရှိနေပါပြီ။  Honey Lee လို့ပဲ လူသိများပြီး မင်းသမီး၊မော်ဒယ်၊  classical musician တစ်ယောက်ပါ။ (၂၀၀၆)ခုနှစ်ရဲ့ Miss Korea အလှမယ်ဟောင်းတစ်ယောက်ပါ။(2007)မှာတော့ မက္ကဆီကို စီးတီးမှာ ကျင်းပတဲ့ Miss Universe ပြိုင်ပွဲမှာ သူမက စတုတ္ထနေရာကို ရခဲ့ပါတယ်။ (၂၀၁၅) မှာတော့ ကိုရီးယားရဲ့ အလန်းဆုံး အမျိုးသမီးအဖြစ်  Playboy မဂ္ဂဇင်းကနေ ရွေးချယ်တာကို ခံခဲ့ရပါတယ်။

 

Lee Hanee

Source kstarlive