ဒီနှစ်ထဲမှာတော့ တစ်ချို့ kpop group တွေအတွက် အောင်မြင်ခြင်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ နှစ်လို့ဆိုရပေမယ့် တစ်ချို့တွေအတွက်ကျတော့ ဆိုးဝါးမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ နှစ်တစ်နှစ်ပါပဲ။ ဒီ kpop group တွေက ဒီနှစ်ထဲမှာ အဆိုးတွေနဲ့ ကြုံတွေ့ခဲ့ကြရတဲ့ group တွေပဲ ဖြစ်ပါတယ်။

EXO

 

 

View this post on Instagram

 

#EXO ♥️ #EXOL #EXplOrationDot #EXO #엑소 #weareoneEXO #exoonearewe

A post shared by EXO Official (@weareone.exo) on

ဒီနှစ်ထဲမှာ EXO အဖွဲ့ဝင် Chen ရဲ့ လက်ထပ်သတင်းနဲ့ ကလေးရှိနေပြီဆိုတဲ့ သတင်းက ပရိတ်သတ်တွေကို မယုံနိုင်အောင် ဖြစ်စေခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ တစ်ချို့ fans တွေက Chen အတွက် ဝမ်းသာပေးခဲ့ကြပေမယ့် တစ်ချို့ပရိတ်သတ်တွေကတော့ Chen ကို EXO အဖွဲ့ကနေ ထုတ်ပယ်ဖို့ကို တောင်းဆိုလာကြတာပါ။ များစွာသော fans တွေက အသည်းတွေကွဲခဲ့ကြပြီး Chen  ရဲ့လက်ထပ်ပွဲကို တိုက်ခိုက်တဲ့ ကော်မန့်များစွာကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် SM Entertainment ကတော့ Chen ကို EXO အဖွဲ့မှာပဲ ဆက်လက်ထားရှိသွားဖို့ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးခဲ့ပါတယ်။ Chen ရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး ဒီနှစ်ထဲမှာ EXO အဖွဲ့က အတော်လေးတော့ ဆိုးဝါးမှုကို ရင်ဆိုင်ခဲ့ကြရတာပါ။

X1

 

X1 အဖွဲ့ဆိုတာကတော့ Produce X 101 ပြိုင်ပွဲဝင်တွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပွဲဦးထွက်စမှာ အောင်မြင်မှုတွေ အတော်လေးကို ရရှိခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲဦးထွက်ပြီး သိပ်မကြာခင်မှာပဲ Produce X 101 ရဲ့ vote ကို ပြန်လည်ကြေညာခဲ့ပြီးနောက်မှာတော့ တစ်ချို့ အဖွဲ့ဝင်တွေက အားပေးထောက်ခံမှုကို မရရှိခဲ့ကြပါဘူး။ နောက်ဆုံးမှာ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရတဲ့ X1 ဟာ အဖွဲ့ကို ဖျက်သိမ်းဖို့ ဖြစ်လာခဲ့ပါတယ်။ သူတို့ပွဲဦထွက်ပြီး ငါးလအကြာမှာပဲ X1 အဖွဲ့ကို ဖျက်သိမ်းလိုက်ရပါတယ်။

Yellow Bee

 

Yellow Bee ရဲ့ အေဂျင်စီကနေပြီးတော့ Yellow Bee အဖွဲ့ဟာ မကြာခင်မှာ ဖျက်သိမ်းတော့မယ့်အကြောင်းကို ကြေညာခဲ့တာပါ။ ပရိတ်သတ်တွေက အဖွဲ့ကို ဘာကြောင့် ဖျက်သိမ်းမယ်ဆိုတာကို နားမလည်ဖြစ်ခဲ့ရပါတယ်။ Yellow Bee ရဲ့အေဂျင်စီက သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေကြောင့် အဖွဲ့ကို ဖျက်သိမ်းလိုက်တယ်ဆိုပြီးတော့ ကြေညာခဲ့ပါတယ်။ အဲဒီ့နောက်မှာ Yellow Bee ရဲ့အဖွဲ့ဝင် Ari က အဖွဲ့ဝင်တွေရဲ့ သရုပ်ပျက် ဝတ်စားဆင်ယင်မှုကြောင့် မဟုတ်ပဲ အေဂျင်စီ  ဝန်ထမ်းတစ်ချို့ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိတာကြောင့် ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။

Fanatics

 

Fanatics အဖွဲ့ဝင် လေးယောက်တို့ အစီစဉ်တစ်ခု live လွှင့်နေတဲ့အချိန်မှာ စကတ်တိုလေးတွေကို ဝတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ့အချိန်မှာ ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်က သူတို့ရဲ့ ခြေထောက်တွေကို ဖုံးအုပ်ဖို့ ဂျာကင်လေးတစ်ထည်ကို ကမ်းပေးခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ ဝန်ထမ်းအမျိုးသားတစ်ယောက်ရဲ့ ဘာလို့ ဂျာကင်သွားပေးရတာလဲဆိုတဲ့ မေးခွန်းကို ကြားခဲ့ရပြီး လက်ဝါးနဲ့ ရိုက်သံတစ်ချို့ကိုလည်း ကြားခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေက အရမ်းကို ဒေါသဖြစ်ခဲ့ကြပြီးတော့ ဒါဟာ အဖွဲ့ဝင်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြစ်တယ်လို့ ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ အဲဒီ့နောက်မှာ Fanatics ရဲ့ အေဂျင်စီကနေ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ခဲ့ပါတယ်။

Khin