လက်ဆောင်ဆိုတာ မိသားစုချင်း ပေးတဲ့ လက်ဆောင်တွေက ပျော်စရာအကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ့်မိသားစုချင်း ဘယ်လိုလက်ဆောင်ပေးပေး ပျော်ရတယ်ဆိုပေမယ့်လည်း မမျှော်လင့်ထားမိတဲ့ လက်ဆောင်တွေကတော့ တကယ့်ကို နှစ်လိုဖွယ် အချစ်တွေ ပြည့်နေတဲ့ လက်ဆောင်မျိုးပါပဲ။ ဒီလိုမျိုး မမျှော်လင့်ထားတဲ့ လက်ဆောင်မျိုးကို ဒီ Idol တွေကတော့ သူတို့ရဲ့ မိသားစုတွေကို ပေးခဲ့ပါတယ်။

၁။ Chanyeol

အစ်မဖြစ်သူကို အမြဲ လက်ဆောင်တွေ ဝယ်ပေးတတ်တဲ့ Chanyeol ကတော့ သူ့ရဲ့အစ်မကို ၂၀၁၇ ခုနှစ်တည်းက အမေရိကန်ဒေါ်လာ ၅ သောင်းဝန်းကျင် ရှိတဲ့ ကား ဝယ်ပေးခဲ့ဖူးပါတယ်။ မကြာသေးခင်ကပဲ သူ့ရဲ့ အစ်မဖြစ်သူက Prada အိတ်လွယ်ပြီး မောင်ဖြစ်သူကို tag တွဲထားခဲ့ပါသေးတယ်။ တကယ့်ကို အစ်မဖြစ်သူကို လက်ဆောင်ကောင်းကောင်းလေးတွေ ဝယ်ပေးတတ်တဲ့ မောင်လေးပါပဲ။

 

 

View this post on Instagram

 

A post shared by EXO’s Park Chanyeol/박찬열 (@chanyeolgram) on

၂။ Suzy

Suzy ကတော့ အမြဲ မိသားစုကို လက်ဆောင်တွေ ပေးလေ့ ရှိတဲ့သူပါ။ ၂၀၁၃ ခုနှစ်မှာ သူမက မိဘဖြစ်သူတွေကို အိမ်၊ကားနဲ့ ကော်ဖီဆိုင်တို့ကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒီကော်ဖီဆိုင်လေးကို Caffe Soo လို့ အမည်ပေးထားပြီး သူမရဲ့ အမေဖြစ်သူက စီမံနေပါတယ်။

 

 

View this post on Instagram

 

A post shared by 배 수 지 (Bae Su ji)♡ (@suzybae__) on

၃။ SEVENTEEN’s Hoshi

Hoshi က ရုပ်သံအစီအစဉ်မှာ သူ့ရဲ့ မိသားစုကို အိမ်လက်ဆောင် ဝယ်ပေးဖူးကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။ သူတို့ မိသားစု ခက်ခဲခဲ့တဲ့ အချိန်တုန်းက ရောင်းခဲ့ရတဲ့ အိမ်ကို ပြန်ဝယ်ပြီး လက်ဆောင်အဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့တဲ့ အိမ်မို့ သူတို့ အမြဲ သတိတရ ရှိခဲ့တဲ့ အိမ်မို့ လက်ဆောင်ပေးဖြစ်ခဲ့တာလို့ ဆိုပါတယ်။

 

 

View this post on Instagram

 

A post shared by SEVENTEEN’S HOSHI [세븐틴 호시] (@ohmyhoshh) on

၎။ BTS’s Jin

သူကတော့ မိဘများနေ့မှာ သူ့ရဲ့ မိဘတွေကို လုံးဝ မမျှော်လင့်ထားတဲ့ အဖိုးတန်လက်ဆောင်ကို ပေးခဲ့ပါတယ်။ သူကတော့ ဆိုးလ်မှာရှိတဲ့ Hannam the Hill မှာ ဒေါ်လာ ၃ သန်းခွဲနီးပါး တန်ဖိုးရှိတဲ့ တိုက်ခန်းကို ဝယ်ယူပြီး မိဘတွေကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ရှယ်ယာတွေကိုလည်း မိဘတွေကို ပေးခဲ့ပါသေးတယ်။

 

 

View this post on Instagram

 

A post shared by JIN (@jin.bts) on

Kham