2NE1 အဖွဲ့ဝင် လေးယောက်ကို ပြန်လည်ဆုံစည်းစေချင်ကြတဲ့ BLACKJACK တွေရဲ့ ဆန္ဒလေးကတော့ ပြည့်ဝခဲ့ပါပြီ။ January 22 ရက်ကတော့ 2NE1 အဖွဲ့ဝင် Minzy ရဲ့ ၂၇ နှစ်ပြည့်မွေးနေ့လေးပါ။ သူမရဲ့မွေးနေ့လေးမှာတော့ အဖွဲ့ဝင်လေးယောက်စလုံး စုံခဲ့ကြပြီး မွေးနေ့ပါတီလေးကျင်းပခဲ့ကြတာပါ။ ဒီအကြောင်းကိုတော့ soompi မှာဖော်ပြထားပါတယ်။
View this post on Instagram
Minzy ကတော့သူမရဲ့ instagram မှာ အဖွဲ့ဝင် လေးယောက်ပုံကိုတင်ခဲ့ပြီး “ကျမမွေးနေ့လေးကို ကျင်းပပေးခဲ့ကြတဲ့အတွက် ကျေးဇူးပါ။ 2NE1 အဖွဲ့ဝင်တွေမဆုံတာကြာပြီး အခုပထမဆုံးပြန်ဆုံတာပဲ” ဆိုပြီး စာရေးထားခဲ့ပါတယ်။
View this post on Instagram
Sandara Park ကလည်း အဖွဲ့ဝင်တွေ မွေးနေ့ကျင်းပနေကြတဲ့ပုံလေးတွေကို တင်ခဲ့ပြီး “ အငယ်ဆုံးလေး Minzy ရဲ့ မွေးနေ့ကို အားလုံးဆုံပြီး ကျင်းပပေးနေတာပါ။ CL ရဲ့ studio ကိုလည်း သွားလည်ခဲ့တယ်။ 2NE1 အဖွဲ့ဝင်အနေနဲ့ ၁၂ ကြိမ်မြောက်မွေးနေ့ကျင်းပပေးရတဲ့အတွက် ဖယောင်းတိုင်လေးကတော့ ၁၂ တိုင်ပေါ့ ဟီးဟီး … ကိတ်လေးကတော့ CL က ပလတ်စတစ်တွေခွာပြီး ထုတ်လိုက်တာ ခုလိုပုံလေးဖြစ်သွားပါတယ်”
View this post on Instagram
“အဖွဲ့ဝင်တွေ အခုလိုဆုံရတာ အရမ်းကောင်းတာပဲ ။ သက်သောင့်သက်သာလည်းရှိပြီး ရယ်နေရတာ ကျမအတွက်တော့ ပျော်ရွှင်စရာအချိန်လေးပါပဲ။ ကျမရဲ့ အဖွဲ့ဝင်တွေကတော့ တိုးတက်ပြီးရင် တိုးတက်နေကြပါတယ်။ သူတို့အရမ်းမိုက်ပါတယ်။ ပြောချင်တာတွေများပေမယ့် စာရှည်နေလို့ ဒီလောက်နဲ့ရပ်လိုက်ပါပြီ ။ ဟီးဟီး အရမ်းချစ်ပါတယ် , 2NE1” ဆိုပြီးပုံလေးတွေ မျှဝေထားပါတယ်။
Park Bom ကလည်း “ အကြာကြီးနေမှ ပြန်တွေ့ရတဲ့ ကျမရဲ့ အဖွဲ့ဝင်လေးတွေနဲ့ ချစ်တယ် … Happy Birthday , Minzy” လို့ရေးထားပါတယ်
View this post on Instagram
CL ကလည်း ပုံလေးတွေ မွေးနေ့ကျင်းပနေတဲ့ video လေးတွေကိုတင်ခဲ့ပါသေးတယ် ။
View this post on Instagram


ပရိတ်သတ်တွေကတော့ အဖွဲ့ဝင် လေးယောက်စလုံးကို အတူတူပြန်လည်မြင်တွေ့ခွင့်ရတဲ့အတွက် ၀မ်းသာပျော်ရွှင်နေကြပါတယ်..
#CELENOW