တရုတ်ပြည်မကြီးမှာ အဆိုတော်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တဲ့ ကိုရီးယားလူမျိုးအဆိုတော် Kim Han Il ကတော့ ဖေဖေါ်ဝါရီလ (၆)ရက်နေ့ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ Kim Han Il ရဲ့ အနုပညာအေဂျင်စီက အတည်ပြု ပြောကြားပေးခဲ့တာဖြစ်ပါတယ်။

အသက်(၂၇)နှစ်သာရှိသေးတဲ့ Kim Han Il ကတော့  ဂျယ်ဂျူကျွန်းမှာ ရုတ်တရက် ရောဂါကြောင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဂီတကို ချစ်မြတ်နိုးပြီး အရည်အချင်းရှိတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် သဘောကောင်းပြီး ပျော်ပျော်နေတတ်တဲ့ Kim Han Il ကို ဆုံရှုံးလိုက်ရလို့ အရမ်းကို ဝမ်းနည်းနေရပါတယ်လို့လည်း Kim Han Il ရဲ့ အေဂျင်စီက ပြောထားပါသေးတယ်။

သူကို့တော့ Jack Kim အဖြစ်လူသိများပြီး တရုတ်နိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲမှာ Winner ဖြစ်ခဲ့တဲ့ ပထမဆုံး နိုင်ငံခြားသားတစ်ယောက်လည်း ဖြစ်ပါတယ်။ Abnormal Summit ဆိုတဲ့ တရုတ်နိုင်ငံရဲ့ အစီအစဉ်တစ်ခုမှာလည်း ကိုရီးယားရဲ့ ကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ပါသေးတယ်။

Kim Han Il ဟာ He Jia Yun ဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်ခဲ့တာလည်း တစ်နှစ်တောင်မပြည့်သေးဘူးလို့ Koreaboo သတင်းထဲမှာ ဖေါ်ပြထားပါတယ်။ အခု Kim သေဆုံးရခြင်း အကြောင်းအရင်းကိုတော့ သတင်းဌာနတွေမှာ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Source: Koreaboo