တစ်ချိန်က ကလေးသရုပ်ဆောင်ဘဝမှာ လူကြိုက်များ ကျော်ကြားခဲ့တဲ့ ကလေးသရုပ်ဆောင်လေးတွေဟာ အခုဆို လူလားမြောက်ပြီး၊ မမှတ်မိနိုင်လောက်တဲ့ အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ တစ်ချို့တွေဆိုရင် ငယ်ရုပ်နဲ့ ပြန်မဖမ်းမိလောက်အောင်အထိ ထွားကျိုင်းနေပြီဖြစ်ပြီး၊ တစ်ချို့က ပိုပြီးလှလာတာကို တွေ့ရပါတယ်။
1. Kim So Hyun
Kim So Hyun ကတော့ (၂၀၀၇)တုန်းက သူမအသက် (၉)နှစ် အရွယ်ကစပြီးတော့ သရုပ်ဆောင်လောကထဲကို ကလေးသရုပ်ဆောင်အနေနဲ့ စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။
Kim So Hyun ဟာ (၁၀)နှစ် အကြာမှာတော့ The Emperor: Owner of the Mask ဇာတ်လမ်းတွဲထဲမှာ အဓိကသရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး ပရိသတ်တွေကလည်း သူမရဲ့ လှပလွန်းတဲ့ ရုပ်ရည်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။
2. Lee Hyun Woo
Lee Hyun Woo ကတော့ (၂၀၀၅) ခုနှစ်မှာ ကလေးသရုပ်ဆောင် တစ်ဦးအနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာပါ။ သူဟာ The Technicians, Spring Day ဇာတ်လမ်းတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
၁၃ နှစ်အကြာမှာတော့ ချစ်စရာကောင်းတဲ့ ကလေးဘဝမှ တကယ့်ကိုတော်တဲ့ သရုပ်ဆောင်ချောချောလေး တစ်ယောက် ဘဝကိုရောက်နေပါပြီ။ The Liar and His lover ဇာတ်ကားထဲမှာလည်း အဓိက သရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
3. Yoo Seung Ho
Yoo Seung Ho ကတော့ ဇာတ်လမ်းတွဲ တော်တော်များများမှာ တွေဖူးကြမှာပါ။ ငယ်စဉ် ကလေးသရုပ်ဆောင် ဘဝတည်းက ချစ်စရာကောင်းတဲ့ အမူအရာတွေကြောင့် ပရိသတ်တွေ မြန်မြန်ဆန်ဆန် သတိထားမိခဲ့ကြတဲ့ ကလေးသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။
The Emperor: Owner of the Mask ဇာတ်လမ်းတွဲထဲမှာ Kim Sohyun နဲ့အတူ အဓိက သရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ခန့်ခန့်ညားညားနဲ့ မင်းသားကြီးတစ်ယောက်လို ပါဝင်သရုပ်ဆောင်ထားလို့ ငယ်ငယ်က ကလေးသရုပ်ဆောင် Yoo Seung Ho ဆိုတာကိုတောင် မှတ်မိမှာ မဟုတ်ပါဘူး။
4. Kim Yoo Jung
အသက် (၅) နှစ်အရွယ်မှာ ကလေးသရုပ်ဆောင်အဖြစ်စတင်ပြီး သရုပ်ဆောင်ကောင်းလွန်းလို့ ငယ်ငယ်ကတည်းက အောင်မြင်မှုတွေ ဆက်တိုက်ရလာတဲ့ Kim Yoo Jung ဟာ အခုအချိန်ထိလည်း အောင်မြင်မှုသရဖူကို ဆောင်းထားနိုင်ဆဲ ဖြစ်ပါတယ်။
Park Bogan နဲ့အတူ Moon Light Drawn By Clouds မှာ အဓိကမင်းသမီးနေရာက သရုပ်ဆောထားပြီး အခုဆို အရမ်းလှတဲ့ မော်ဒယ်မင်းသမီးတစ်ယောက်ဘဝမှာ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။
5. Yeo Jin Goo
Yeo Jin Goo ကတော့ (၂၀၀၅) ခုနှစ်မှာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာပြီး၊ ကလေးဘဝကတည်းက အောင်မြင်မှုတွေ ရလာတဲ့ သူတစ်ယောက်ပါ။
အဲဒီအချိန်ကတည်းကနေ ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေထဲမှာ ပါဝင်ခွင့်ရခဲ့ပြီး၊ အခုလည်း လမ်းကြောင်းမှန်ပေါ်မှာ အောင်မြင်မှုတွေနဲ့ ဆက်လက်လျှောက်လှမ်းနေတဲ့ ခန့်ညားတဲ့ မင်းသားကြီးတစ်ယောက် ဖြစ်နေပါပြီ။
6. Park Ji Bin
Park Ji Bin ကတော့ Boys Over Flowers ဇာတ်လမ်းတွဲထဲမှာ ဂေါင်ဂျန်ဒီရဲ့ မောင်လေးနေရာနေ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ကောင်လေးပါ။ ထိုစဉ်ကတည်းက ရဲတင်းသွက်လက်တဲ့ သရုပ်ဆောင်ပညာကို ပြသနိုင်ခဲ့လို့ တောက်မည့်မီးခဲ တရဲရဲလို့ ဒါရိုက်တာတွေက မှတ်ချက်ပေးခံခဲ့ရသူပါ။
Park Ji Bin ဟာ အခုဆို နိုင်ငံအတွက်စစ်မှုထမ်းတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ပြီးပြီ ဖြစ်ပါတယ်။ စစ်မှုထမ်းပြီးနောက်မှာတော့ တကယ့်ကို လူကြီးတစ်ယောက်လို ပြောင်းလဲသွားခဲ့ပြီး၊ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
8. Moon Geun Young
အသက် (၁၃)နှစ် အရွယ်မှာ Autumn In My Heart ဇာတ်ကားထဲမှာ အွန်စောငယ်ဇာတ်ရုပ်အဖြစ် အပီအပြင်သရုပ်ဆောင်ခွင့်ရခဲ့သူကတော့ Moon Geun Young ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ကြိုးစားလိုစိတ်ပြင်းပြပြီး၊ ကိုယ်ပိုင်မူဟန်နဲ့ မင်းသမီးချောဖြစ်ပါတယ်။
အခုတော့ ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေမှာ Moon Geun Young ဟာ လူကြီးခန်းကနေ သရုပ်ဆောင်နေရတဲ့ မင်းသမီးကြီး ဖြစ်နေပါပြီ။
Source: Koreaboo