ကေပေါ့လောကမှာတော့ မွေးရာပါ အနုပညာစွမ်းရည်တွေနဲ့ အရည်အချင်းပြည့်ဝလွန်းတဲ့ အနုပညာရှင်တွေကတစ်ယောက်နှစ်ယောက်မဟုတ်ပါဘူး။သူတို့တွေက ဘယ်သူတွေ၊ ဘယ်အဖွဲ့တွေလည်း ဆိုတာကို ဒီနေ့တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

သူတို့တွေကတော့ သီချင်းတွေကို ကိုယ်တိုင် ရေးစပ်သီဆိုကြတဲ့ အပြင် Music Arrangement ပိုင်းနဲ့ Producing ပိုင်းတွေကိုပါ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အထိ ကျွမ်းကျင်ကြတဲ့ သူတွေဖြစ်ပါတယ်။ ဘယ် ကေပေါ့အိုင်ဒေါတွေပါလဲ ဆိုတာ ကြည့်လိုက်ပါဦးနော်။

1. BTS

ကမ္ဘာအထိ ခြေဆန့်နေပြီဖြစ်တဲ့ BTS ရဲ့ သီချင်းတော်တော်များများကတော့ အဖွဲ့ဝင်တွေ ကိုယ်တိုင် ရေးစပ်ထားတာဖြစ်ပါတယ်။  အဖွဲ့ဝင်တွေဖြစ်ကြတဲ့ RM, Suga နဲ့ JHope တို့ကတော့ အဖွဲ့ရဲ့ အဓိက သီချင်းရေးစပ်သူတွေ ဖြစ်ပါတယ်။ Suga ကတော့ သီချင်းတော်တော်များများကို produce လုပ်ပေးခဲ့ပါတယ်။

2. MONSTA X

MONSTA X အဖွဲ့ဝင်တွေကတော့ သီချင်းရေးစပ်တာအပြင်၊ Music Arrangement နဲ့ Producingတွေကိုလည်း ကျွမ်းကျင်ကြတဲ့ သူတွေ ဖြစ်ပြီး သူတို့ရဲ့ တေးအယ်လ်ဘမ်တွေ အတွက်လည်း ကိုယ်တိုင် သီချင်းတွေကို ရေးစပ်ပြီး ထုတ်လုပ်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။ အဖွဲ့ဝင် Jooheon နဲ့ I.Mကတော့ အဖွဲ့အတွက် သီချင်းရေးစပ်ခြင်း နဲ့ Producing ပိုင်းတွေမှာ အရေးပါတဲ့ အဓိကလူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကစပြီး Wonho ကလည်း သီချင်းရေးစပ်ခြင်းနဲ့ Music Arrangement ပိုင်းတွေမှာ ပါဝင်လာပါတယ်။

3. BIGBANG

စတင်ပြီး ပွဲဦးထွက်တဲ့ (၂၀၀၆) ခုနှစ်ကတည်းက G-Dragon နဲ့ TOP တို့ဟာ ကိုယ်ပိုင် သီချင်းတွေ ရေးစပ်သီဆိုခဲ့ပြီး BIGBANG အဖွဲ့ရဲ့ အယ်လ်ဘမ်အတွက်လည်း သီချင်းတွေ ရေးစပ်ခဲ့ပါတယ်။

4. PENTAGON

သူတို့အဖွဲ့ကတော့ ကိုယ်တိုင် produce လုပ်ထားတဲ့ ‘DEMO_01’ ဆိုတဲ့ မီနီတေးအယ်လ်ဘမ်ကို ဖြန့်ချီခဲ့ပါတယ်။ PENTAGON အဖွဲ့ဝင်တွေကတော့ အခြားသော အဖွဲ့တွေ အတွက်လည်း သီချင်းတွေ ရေးစပ်ပေးခဲ့ကြပါသေးတယ်။ HyunA, Triple H, Wanna One နဲ့ Produce 101 ရဲ့ ‘Never’  သီချင်းကိုလည်း PENTAGON အဖွဲ့ဝင်တွေက ရေးစပ်ပေးခဲ့တာဖြစ်ပါတယ်။

5. EXID

အဖွဲ့စတင် ပွဲဦးထွက်ချိန် (၂၀၁၂) ခုနှစ်ကတည်းက အဖွဲ့ဝင် LE ဟာ အဖွဲ့ရဲ့ သီချင်းတွေကို ရေးသားပေးခဲ့ပါတယ်။ သူမကတော့ EXID အဖွဲ့နဲ့ ပွဲဦးမထွက်ခင်က underground rapper တစ်ယောက်ဖြစ်ခဲ့ပါတယ်။

6. B1A4

B1A4 အဖွဲ့ဝင်တွေကတော့ သီချင်းရေးစပ်တာအပြင်၊ Music Arrangement နဲ့ Producingပိုင်းတွေကို ကိုယ်တိုင်ပြုလုပ်ခဲ့တာ နှစ်အတော်ကြာနေပါပြီ။ သူတို့ရဲ့ သီချင်းတွေတော်တော်များများကတော့ အဖွဲ့ဝင်တွေ ကိုယ်တိုင်ရေးစပ်ခဲ့ကြတာဖြစ်ပါတယ်။

7. iKON

အဖွဲ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ ‘Welcome Back’ ကိုတော့ အဖွဲ့ဝင် B.I က သီချင်းရေးတဲအပိုင်းနဲ့ Produceလုပ်တဲ့ အပိုင်းကို တာဝန်ယူခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ ထွက်ထားတဲ့ ‘Return’ အယ်လ်ဘမ်ကိုလည်း B.I က Production ပိုင်းကို တာဝန်ယူခဲ့ပြီး အဖွဲ့ဝင်တွေကတော့ သီချင်းရေးစပ်ခဲ့ကြပါတယ်။

8. DIA

သူတို့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ် ‘YOLO’ လိုမှာ ပါဝင်တဲ့ သီချင်းတွေ အကုန်လုံးရဲ့ စာသားတွေကို အဖွဲ့ဝင်တွေ ကိုယ်တိုင် ရေးစပ်ခဲ့တာဖြစ်ပါတယ်။

9. SEVENTEEN

ပွဲဦးထွက်စ အချိန်ကတည်းက သီချင်းတွေကို ကိုယ်တိုင် Produce လုပ်နိုင်တဲ့ အဖွဲ့အဖြစ် နာမည်ကြီးတဲ့ ကေပေါ့အဖွဲ့ဖြစ်ပါတယ်။  သူတို့ကတော့ သီချင်းတွေကို ကိုယ်တိုင် ဖန်တီးရုံသာမက အကကွက်တွေကိုလည်း ကိုယ်တိုင် တီထွင်တာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ အားလုံးကတော့ သီချင်းရေးစပ်တဲ့ အပိုင်းမှာ ပါဝင်ကြပြီး အဖွဲ့ဝင် Woozi ကတော့ သီချင်းတွေကို ဖန်တီးထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အခြားအဖွဲ့ဝင်တွေလည်း Woozi နဲ့အတူ သီချင်းတွေကို ဖန်တီးထုတ်လုပ်တဲ့ နေရာမှာ ပါဝင်လာကြပါပြီ။

10. PRISTIN

အဖွဲ့အသစ် ဖြစ်ပေမယ့်လည်း သူတို့ရဲ့ ပထမဆုံး အယ်လ်ဘမ်အတွက် အဖွဲ့ဝင်တွေအာလုံး ပါဝင်ပြီး သီချင်းရေးစပ်ခဲ့ပါတယ်။ အယ်လ်ဘမ် ဖန်တီးမှုအတွက်လည်း အဖွဲ့ဝင်တွေက တစ်ယောက်တစ်နေရာပါဝင် အားဖြည့်ခဲ့ကြပါတယ်။

11. WINNER

WINNER အဖွဲ့ကလည်း သီချင်းရေးစပ်သီဆိုမှုမှာ နာမည်ကြီးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ နောက်ဆုံး ထွက်ရှိထားတဲ့ အလ်ဘမ် ‘EVERYD4Y’ မှာတော့ သီချင်း (၁၂) ပုဒ်ပါဝင်ပြီး သီချင်းတွေအားလုံးကို အဖွဲ့ဝင်တွေက ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

Source: Kstarlive