Finn Wolfhard လို့ ပြောလိုက်တာနဲ့ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ဆံပင်အရှည်ကောက်ကောက်လေးတွေနဲ့ ကောင်ချောလေးကို ပြေးမြင်မိကြမှာ အမှန်ပါပဲ။ အသက် ၁၇ နှစ်သာရှိသေးတဲ့ Finn ဟာ အသက် ၁၇ နှစ်ပဲရှိသေးပေမယ့် မိန်းကလေးတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ Netflix က ရိုက်ကူးတဲ့ Stranger Things စီးရီးမှာတော့ Finn ကို Mike Wheeler အဖြစ် လူသိများသလို Stephen King ရဲ့ IT ဇာတ်ကားထဲမှာတော့ Finn ကို Richie Tozier အဖြစ် လူသိများပါတယ်။ အခုပြောပြချင်တာကတော့ Finn နဲ့ ပတ်သတ်ပြီး ပျိုမေတော်တော်များများ မသိကြသေးတဲ့ အချက် ၁၀ ချက်ပဲ ဖြစ်ပါတယ်။
၁။ Finn ဟာ Rock Band တစ်ခုတည်ထောင်ထားသူဖြစ်ပါတယ်
၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ မတိုင်ခင်အထိ Finn မှာ ၂၀၁၇ ခုနှစ်ကတည်းက သူကိုယ်တိုင် တည်ထောင်ထားတဲ့ Calpurnia လို့ အမည်ရတဲ့ Canadian Rock တီးဝိုင်းတစ်ခုရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ The Aubreys လို့ အမည်ရတဲ့ တီးဝိုင်းကို ပြောင်းသွားခဲ့ပြီလို့ သိရပါတယ်။
၂။ Finn ဟာ မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်
Finn ဟာ သရုပ်ဆောင်၊ ဂီတဘက်မှာတင်မကပဲ မော်ဒယ်လ်နယ်ပယ်မှာလည်း ထူးချွန်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် Finn ဟာ Yves Saint Laurent ဖက်ရှင်ကုမ္ပဏီရဲ့ မျက်နှာဖုံးမော်ဒယ်တစ်ယောက်ပါ ဖြစ်ခဲ့ဖူးပါတယ်။
၃။ Finn ဟာ ကနေဒါနိုင်ငံသားစစ်စစ် တစ်ယောက်ပါ
Finn ဟာ ကနေဒါနိုင်ငံသားတစ်ယောက်ဆိုတာကိုတော့ သူ့ရဲ့ ပရိသတ်အချို့ကတော့ သိကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တော်တော်များများကတော့ Stranger Things မှာ သရုပ်ဆောင်ထားတဲ့ character အရ Finn ကို အမေရိကန်နိုင်ငံသားလေးတစ်ယောက်လို့ ထင်နေကြလိမ့်ပါမယ်။ တစ်ကယ်တော့ Finn ဟာ ကနေဒါနိုင်ငံ၊ Vancouver မြို့မှာ ကြီးပြင်းလာခဲ့တဲ့ ကနေဒါနိုင်ငံသားတစ်ယောက်ပဲ ဖြစ်ပါတယ်။
၎။ Finn ရဲ့ အစ်ကိုကလည်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်
Finn မှာ အသက် (၂၁) နှစ်အရွယ် Nick လို့ အမည်ရတဲ့ အကိုအရင်းတစ်ယောက်ရှိပါတယ်။ Nick ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် Finn လို ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ခွင့် မရခဲ့ပါဘူး။ Nick ကတော့ များသောအားဖြင့် TV talk shows တွေနဲ့ အသံသရုပ်ဆောင်အဖြစ်သာ လုပ်ကိုင်ကြောင်း သိရပါတယ်။
၅။ Finn ဟာ Online ကြော်ငြာတစ်ခုမှာ ပထမဦးဆုံး သရုပ်ဆောင်ဖူးခဲ့တာပါ
Finn ဟာ Craigslist လို့ အမည်ရတဲ့ အမေရိကန်အခြေစိုက်ဝက်ဘ်ဆိုက်တစ်ခုမှာ ပထမဦးဆုံး ကြော်ငြာသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးတာ ဖြစ်ပါတယ်။ Craigslist ဆိုတာကတော့ နာမည်ကြီး ကြော်ငြာကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။
၆။ Finn ရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်ကတော့ ဖား ဖြစ်ပါတယ်
လူတော်တော်များများကတော့ အိမ်မွေးတိရစ္ဆာန်တွေကို ခွေးတွေ၊ကြောင်တွေ မွေးကြပေမယ့် Finn ကတော့ ဖားတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလေ့ရှိပြီး ဖားချစ်သူတစ်ယောက်ပါပဲ။ Finn ရဲ့ အိမ်မှာဆိုရင် ရေကန်ကြီးနဲ့ ဖားတွေကို မွေးထားကြောင်း သိရပါတယ်။
၇။ Finn ဟာ Capricorn ရာသီဖွားတစ်ယောက် ဖြစ်ပါတယ်
Finn ကို ကနေဒါနိုင်ငံ၊ Vancouver မြို့မှာပဲ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဖွားမြင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် Finn ဟာ Capricorn ရာသီဖွားတစ်ယောက်ဖြစ်ပါတယ်။ အခုလာမယ့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလထဲမှာတော့ Finn ဟာ အသက် ၁၈ နှစ်ပြည့်ပြီပဲ ဖြစ်ပါတယ်.
၈။ Stranger Things ရိုက်ကူးဖို့လူရွေးပွဲနေ့မှာ Finn ဟာ တော်တော်လေးဖျားနေခဲ့တာဖြစ်ပါတယ်
Stranger Things လူရွေးပွဲနေ့မှာ Finn ဟာ အကြီးအကျယ်ဖျားနေခဲ့တာကြောင့် အိပ်ရာထဲမှာပဲ လဲနေခဲ့ပြီး လူရွေးပွဲကို မသွားနိုင်ခဲ့ပါဘူး။ အိပ်ရာပေါ်ကနေပဲ သူသရုပ်ဆောင်စွမ်းရည်ကို ဗီဒီယိုရိုက်ပြီး လူရွေးပွဲဒိုင်တွေဆီကို ပို့လိုက်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ Finn ရဲ့ ဗီဒီယိုကို ဒိုင်တွေက ကြိုက်နှစ်သက်ခဲ့တာကြောင့် Finn ကို ရွေးချယ်ခဲ့ပါတယ်။
၉။ Finn တစ်ယောက် Basketball ကစားခဲ့တာ Zac Efron ကြောင့်ပါပဲ
Finn ဟာ High School Musical ဇာတ်ကားထဲက Zac Efron ကို အရမ်းကြိုက်နှစ်သက်ခဲ့ပါတယ်။ Zac ကြောင့်ပဲ Basketball အားကစားနည်းကို သူလိုက်ကစားခဲ့တာဖြစ်ကြောင်း Jimmy Fallon ရဲ့ show တစ်ခုမှာ ဖွင့်ဟပြောခဲ့ဖူးပါတယ်။
၁၀။ Finn အကြောက်ဆုံးက လူရွှင်တော်အရုပ်ကြီးတွေပဲ ဖြစ်ပါတယ်
Finn ဟာ ငယ်ငယ်လေးကတည်းက လူရွှင်တော်အရုပ်ကြီးတွေကို ကြောက်တတ်တဲ့ အကြောက်တရားရှိခဲ့ပါတယ်။ ဒီလောက်ကြောက်တဲ့ကောင်လေးတစ်ယောက်ဟာ IT ဇာတ်ကားထဲမှာ ဘယ်လိုစိတ်နဲ့ သရုပ်ဆောင်ခဲ့မလဲ စဉ်းစားလို့တောင်မရပါဘူး။ ဒါပေမယ့် Finn တစ်ယောက်ဟာ IT ဇာတ်ကားထဲမှာ သူ့ရဲ့ ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
Pyi Hein Kyaw