ငွေဆောင်ရောက် ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်များ

မင်းသမီးချောလေး ၀တ်မှုံရွှေရည်ကတော့ ငွေဆောင်ကမ်းခြေကို သွားခဲ့ပါတယ်။ ကမ်းခြေရောက်ပုံလေးတွေကိုတော့ သူမရဲ့ fb ပေါ်မှာ တင်ထားပါတယ်။ ငွေဆောင်ရွက်လှေကလပ်ကိုရောက်နေတဲ့ပုံ၊ ပင်လယ်ကြီးကို နောက်ခံထားတဲ့ပုံ၊ ရေကူးကန်နားက ပုံတွေကိုတင်ထားပါတယ်။ ရေကူးဝတ်စုံလေးနဲ့ တစ်မျိုးလေးချစ်စရာကောင်းနေတာကိုလည်း တွေ့ရမှာပါ။ Sunscreen လိမ်းနေတဲ့ ပုံကိုလည်း တွေ့ရမှာပါ။ FROM ၀တ်မှုံရွှေရည်ရဲ့ FB Cele Now...

‘အမည်ပေါက်နှင့် ကျူး’ ရုပ်ရှင်ကားကြီးလက်မှတ်ရေးထိုးပွဲ အခမ်းအနား

ပြီးခဲ့တဲ့အမျိုးသားနေ့ (နိုဝင်ဘာလ ၁၃ရက်နေ့)မှာဆိုရင်တော့ 'အမည်ပေါက်နှင့် ကျူး' ရုပ်ရှင်ကားကြီးလက်မှတ်ရေးထိုးပွဲကို ရှေ့ဆောင်နဲ့ န၀ဒေး ရုပ်ရှင်ရုံတွေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားကြီးမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် ဦးဇင်ဝိုင်း၊ မြင့်မြတ်၊ အိချောပိုနဲ့ မေကဗျာတို့က တွဲဖက်ပါဝင် သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။ 'အမည်ပေါက်နှင့် ကျူး' ရုပ်ရှင်ကားကြီးကိုတော့ နိုဝင်ဘာလ (၁၀)ရက်နေ့မှာ စတင်ပြီးရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်အားပြိုင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့လည်း...

သရုပ်ဆောင် “ရဲတိုက်” အကျဉ်းထောင်ကလွတ်ပြီ

ပြည်သူတွေစောင့်မျှော်နေကြတဲ့ မင်္ဂလာသတင်းဟာ ဒီနေ့မှာအမှန်တကယ် ဖြစ်လာပါပြီ။ ဒီကနေ့ နံနက်ခင်းပိုင်းမှာ ဆိုရင်တော့ ရဲတိုက်ဟာ တောင်ငူ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီဖြစ်ပါတယ်။ ရဲတိုက်ဟာ မူးယစ်မှုကြောင့် ထောင်ကျနေခဲ့တာ ၂၀၁၂ ခုနှစ်ကတည်းကဖြစ်ပြီး အခုဆိုရင်တော့ (၅)နှစ်ကျော်အကြာမှာ ထောင်ကနေလွတ်မြောက်လာတာ ဖြစ်ပါတယ်။ ထောင်ကျနေစဉ်မှာတော့ အင်းစိန်ထောင်နဲ့ တောင်ငူထောင်မှာ နေခဲ့ရတယ်လို့ဆိုပါတယ်။ ရဲတိုက်ထောင်ကလွတ်လာတာကို လာရောက်ကြိုဆိုတဲ့ ဆာတိုရီထုတ်လုပ်ရေးကတော့ ဖဲကြိုးဝါတွေနဲ့အလှဆင်ထားတဲ့ ကားနဲ့...

Official Trailer ထွက်လာပြီဖြစ်တဲ့ “3Girls” ရုပ်ရှင်ဇာတ်ကားကြီး

နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဖွေးဖွေး၊ အိချောပို၊ ပိုင်ဖြိုးသုနဲ့ အလင်းရောင်တို့ပါဝင်ထားတဲ့ "3Girls" ရဲ့official trailer ကတော့ ဒီကနေ့ နိုဝင်ဘာ (၂၃)ရက်နေ့မှာ ထွက်ရှိလာပါပြီ။ ဒီဇာတ်ကားမှာဆိုရင်တော့ ခေါင်ပွင့်လွှာ၊ မိုးစက်ချို၊ ရွှေရုပ်သွင် ဆိုတဲ့ မိန်းကလေး (၃)ယောက်ရဲ့ အကြောင်းကို ပုံဖေါ်ထားတာ ဖြစ်ပါတယ်။ ဒီနှစ်မကုန်ခင်မှာ "3Girls" ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ Source: 3Girls...

မင်္ဂလာပွဲမှာ ကူညီပေးကြသူတွေကို မတိုက်ခိုက်ဖို့ တောင်းပန်လိုက်တဲ့ နန်းမြတ်ဖြိုးသင်း

ပူပူနွေးနွေးအိမ်ထောင်ရှင်မလေး နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲတုန်းက မိတ်ကပ်အပြင်အဆင်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီလိုပြောဆိုမှုတွေနဲ့ပတ်သက်ပြီး သူမရဲ့ မင်္ဂလာဆောင်မှာ ကူညီပေးသူတွေကို မတိုက်ခိုက်ကြပါနဲ့၊ Troll နေတာတွေကို မြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်၊ အားလဲ အားနာရပါတယ်ဆိုပြီး  သူမရဲ့ fb မှာ ပြောထားပါတယ်။ "နန်းမြတ်ရဲ့မင်္ဂလာပွဲမှာကူညီပေးကြတဲ့သူတွေကို မတိုက်ခိုက်ကြပါနဲ့ Troll နေတာတွေ တစ်ယောက်ကိုလဲမဟုတ်...

စေတနာကောင်းတဲ့ မနော

ပြည်တွင်းပွဲတွေသာမက ပြည်ပမှာပါ လိုက်ဖျော်ဖြေနေတဲ့ အဆိုတော် မနောဟာ စေတနာ သဒ္ဒါတရားထက်သန်သူတစ်ဦးလည်းဖြစ်ပါတယ်။ ကွင်းကောက်ပွဲမှာ သီဆိုဖျော်ျြေဖဖို့သွားတဲ့ မနောဟာ လမ်းမှာ လမ်းပြင်နေတဲ့ သူတွေကိုတွေ့ပြီး မုန့်တွေဝေပေးခဲ့ပါတယ်။ "ကွင်းကောက်ပွဲ သီဆိုဖျော်ဖြေရန်အသွား လမ်းပြင်နေသောကျွန်တော့်တို့အမျိုးတွေပေါ့ နေတော်တော်ပူတယ်ဗျို့*သာယာချမ်းမြေ့ပါစေဗျာ *မောင်မနော" လို့စာရေးပြီး မနောက သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။ Source: Manaaw facebook Celenow Team မှ...

နိုဝင်ဘာလအတွင်း မေမြင့်မိုရ် ရဲ့ အလှဆုံးဓါတ်ပုံများ

မင်းသမီး ချောလေး မေမြင့်မိုရ်ဟာဆိုရင် ဘယ်နေရာရောက် ဓါတ်ပုံလှလှလေးတွေရိုက်ပြီး ဖေ့စ်ဘုတ်မှာ တင်ပေးတတ်တဲ့ ပရိသတ်ကို စိတ်ချမ်းသာအောင်ထားတတ်သူလေးတစ်ဦးပါ။ အထူးသဖြင့် ဓါတ်ပုံလှလှလေးတွေရိုက်ရတာ ကြိုက်နှစ်သက်တဲ့ ကောင်မလေးတွေ မေမြင့်မိုရ်ရဲ့  ဖေစ့်ဘုတ်အကောင့်ကို Follow လုပ်ထားသင့်ပါတယ်။ အခုတော့ Celenow ကနေ တင်ဆက်ပေးမယ့် မေမြင့်မိုရ်ရဲ့ နိုဝင်ဘာလအတွင်း ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲကမှ အလှဆုံးပုံလေးတွေကို ရှုစားလိုက်ကြပါဦးနော်။ Source:...

ပုံအသစ်လေးတွေ တင်လိုက်တဲ့ ရွှေမှုံရတီ

မြန်မာနိုင်ငံရဲ့ နာမည်ကျော်မင်းသမီးချောတစ်ဦးဖြစ်တဲ့ ရွှေမှုံရတီကတော့ သူရဲ့ ဖေ့စ်ဘုတ်မှာ ပုံအလန်းတွေ ထပ်တင်လိုက်ပြန်ပါပြီ။ ပုံတွေကတော့ တကယ့်ကို ပရိသတ်တွေကို ရင်ခုန်စေမယ့် ပုံလေးတွေပါ။ အမဲရောင် ၀တ်စုံအရှည်လေးဝတ်ပြီး ၀တ်စုံနဲ့ လိုက်ဖက်တဲ့ ဒေါက်ဖိနပ်အမဲလေးကိုဝတ်ထားတာဟာ တကယ်ကို ရွှေမှုံရတီနဲ့ လိုက်ဖက်လွန်းပါတယ်။ ဒီပုံတွေကိုတော့ "Sometimes I’m nothing But somedays I will...

ပါးကွက်ကျားလေးနဲ့ ရွှေထူး

အဆိုတော် မင်းသား ရွှေထူးကတော့ မိန်းကလေးပရိသတ်တွေကြား ရေပန်းစားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ သူ့ရဲ့ သီချင်းတွေကတော့ အမျိုးသားပရိသတ်တွေရော အမျိုးသမီးပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ ရရှိခဲ့ပါတယ်။ ရွှေထူးကို မိန်းကလေးပရိသတ်ရဲ့ အားပေးမှုကတော့ တကယ့်ကို ကြောက်ခမန်းလိလိပါ။ တလောကဆိုရင် စင်ပေါ်မှာ သီချင်းဆိုနေတဲ့ရွှေထူးကို မိန်းကလေးပရိသတ်တစ်ယောက်က အတင်းဆွဲပြီး ဖက်နမ်းတဲ့ ဗီဒီယိုဖိုင်တစ်ခုတောင် တက်လာပါသေးတယ်။...

ကိုရီးယားမှာ လှချင်တိုင်းလှနေတဲ့ မေမြတ်နိုး

မေမြတ်နိုးကတော့ Miss တစ်ယောက်ဖြစ်သလို အဆိုတော်၊ မော်ဒယ်၊ မင်းသမီး တစ်ယောက်ပါ။ အနုပညာရှင် နယ်ပယ်အားလုံးမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေသူပါ။ မေမြတ်နိုးတစ်ယောက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်နေပါတယ်။ ဒီလ (၂၂) ရက်နေ့ကတည်းက ရန်ကုန်ကနေ ကိုရီးယားကို ထွက်ခွာသွားခဲ့တာပါ။ သူမရဲ့ ခရစ်စမတ်ကာလကိုလည်း အဲ့ဒီမှာပဲဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ ...

Must Read